အီရန်က ၎င်းတို့အား နျူကလီးယားလက်နက်များ မတည်ဆောက်ရန်အတွက် ဟန့်တားထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ သတ်မှတ်ချက်များအား လေးစားလိုက်နာမှုကို ချိုးဖျက်မည်ဖြစ်ကြောင်း ကြေညာခဲ့စဉ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်အစိုးရက အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်မံစေလွှတ်ရန် ဇွန် ၁၇ ရက်တွင် ညွှန်ကြားခဲ့ရာ အီရန်နှင့် အမေရိကန်တို့သည် ပေါက်ကွဲလု နီးပါးအခြေအနေသို့ ဦးတည်နေသည်။
တိုးမြှင့်စေလွှတ်မည့် တပ်ဖွဲ့ဝင်များတွင် ဒေသတွင်း၌ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးအတွက် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်မည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ ထိုတပ်ဖွဲ့ဝင်ပမာဏသည် နည်းပါးသော်လည်း အီရန်အား ဟန့်တားရန် ရည်ရွယ်သော အမေရိကန်စစ်အင်အားကို ထပ်မံတိုးမြှင့်မှုဖြစ်လာမည် ဖြစ်သည်။
ယူရေနီယမ်သန့်စင်မှုအား လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်အဆင့်မှတစ်ဆင့်သာ လိုတော့သည့် အနေအထားကို မကြာမီစတင်မည့် သဘောသက်ရောက်သော အီရန်၏ ကြေညာချက်သည် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မှုကြောင့် ကမ္ဘာကြီးအား ပိုမိုဘေးကင်းသော အနေအထားသို့ ရောက်ရှိစေမည်ဟု ထရန့်က မဟာမိတ်များအား ကတိပြုထားမှုကို စိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ထိုအခြေအနေများသည် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများအား ပိုမိုလှုံ့ဆော်နေပြီး ရန်ဘက်နှစ်နိုင်ငံအတွက် စိတ်ပိုင်းဖြတ်မှုနှင့် ခိုင်မာစိတ်ချရမှုကို စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ နျူကလီးယားအစီအစဉ်များအား ကန့်သတ်ပြီး အပြန်အလှန်အားဖြင့် အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးရန် ရည်ရွယ်သည့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့နှင့် ရရှိထားသော နျူကလီးယားသဘောတူညီချက်မှ သတ်မှတ်ထားသည့် ယူရေနီယမ် သန့်စင်မှု ကန့်သတ်ထားခြင်းအား ချိုးဖျက်သွားမည်ဟု အီရန်က ကြေညာခဲ့သည်။
သမိုင်းတွင် အဆိုးရွားဆုံးသဘောတူ ညီချက်ဟု ထရန့်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် နျူကလီးယားသဘောတူညီချက်အား အီရန်က လေးစားလိုက်နာရန် အမေရိကန်အစိုးရက ဇွန် ၁၇ ရက်တွင် တောင်းဆိုခဲ့ရာ အလွန်ခွကျသည့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ပါရှန်ပင်လယ်ကွေ့အနီး ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်မှုတွင် အီရန်ပါဝင်ကြောင်း ၀ါရှင်တန်က စွပ်စွဲခဲ့ပြီး အီရန်က ပြန်လည်ငြင်းဆန်ထားစဉ် ယခုအခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များသည် မသဲမကွဲဖြစ်နေဆဲဖြစ်ပြီး မည်သူကမျှ တာဝန်ရှိသည်ဟု မထုတ်ပြန်သေးပေ။ အီရန်က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သက်သေပိုမိုခိုင်လုံစေသည်ဆိုသော ဓာတ်ပုံများကို ပင်တဂွန်က ဇွန် ၁၇ ရက်တွင် ဓာတ်ပုံထုတ်ပြန်ခဲ့သည်။
ထပ်မံစေလွှတ်မည့် တပ်ဖွဲ့ဝင်များသည် အရှေ့အလယ်ပိုင်းဒေသတွင် ရေကြောင်း၊ လေကြောင်းနှင့် ကုန်းကြောင်းအခြေစိုက် ခြိမ်းခြောက်မှုများအား တုံ့ပြန်ဖြေရှင်းရန် ကာကွယ်ရေးသက်သက်အတွက် ဖြစ်ကြောင်း အမေရိကန်ယာယီကာကွယ် ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ပြောကြားခဲ့သည်။ အမေရိကန်သည် အီရန်နှင့် ပဋိပက္ခဖြစ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း၊ အမေရိကန်သည် တပ်ဖွဲ့ဝင်အင်အားကို လိုအပ်သလို ဆက်လက်ချိန်ညှိသွားမည်ဖြစ်ကြောင်းလည်း ရှာနာဟန်က ပြောကြားခဲ့သည်။ Ref ; AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
