Top News

ဟိသရိုးလေဆိပ်တွင် တတိယမြောက်ပြေးလမ်းဖောက်လုပ်မည့် အစီအစဉ်ကို ဗြိတိန်ထုတ်ပြန်
24htopnews | December 3, 2024 4:12 AM CST

ဥရောပ၏ အစည်ကားဆုံးလေဆိပ်ဖြစ်သော ဗြိတိန်၏မြို့တော်လန်ဒန်မှ ဟိသရိုးလေဆိပ်တွင် အငြင်းပွားစရာဖြစ်နေသော တတိယမြောက်လေဆိပ်ပြေးလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆယ်စုနှစ်များစွာ အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ထိုလေဆိပ်တွင် တတိယမြောက် လေဆိပ်ပြေးလမ်း ဖောက်လုပ်မည့်အစီအစဉ်ကို ဗြိတိန်အစိုးရက ပြီးခဲ့သောနှစ်တွင် အတည်ပြုပေးခဲ့သည်။

စပိန်အခြေခံအဆောက်အအုံ ကုမ္ပဏီကြီး Ferrovial က ဦးဆောင်သည့် လုပ်ငန်းစုက ပိုင်ဆိုင်သော ထိုလေဆိပ်တွင် တိုးချဲ့မည့်အစီအစဉ်၌ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုအား လျှော့ချရန်၊ အသံဆူညံမှုများကို ကန့်သတ်ရန်၊ ညအချိန်လေကြောင်း ခရီးစဉ်များအား ထိန်းချုပ်ရန် စသည့်ပြင်းထန်သော အရေးယူဆောင်ရွက်မှု အစီအစဉ်သစ်များ ပါဝင်သည်။

ထိုလေဆိပ်ပြေးလမ်းသစ်ကြောင့် လန်ဒန်အား ပတ်၍ဖောက်လုပ်ထားသည့် M2 5 လမ်းမကြီးအား လမ်းကြောင်းပြောင်းလဲမည်ဖြစ်ပြီး မြစ်လမ်းကြောင်းများကိုလည်း ပြောင်းလဲမည်ဖြစ်သည်။

ထိုအစီအစဉ်များကြောင့် အသင့်လျော်ဆုံးဖြစ်မည့် ရွှေ့ပြောင်းရေးကို ဖော်ထုတ်ရန် မိမိတို့သည် သက်ရောက်မှုခံစားရသည့် ဒေသခံများ၊ လူမှုဝန်းကျင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း လေဆိပ်ပြေးလမ်း တိုးချဲ့မည့်အစီအစဉ်တွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် လေဆိပ်ပြေးလမ်းသစ်ကြောင့် ရှိရင်းစွဲ မြစ်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် လမ်းကြောင်းဖော်ပေးရန် မြစ်လမ်းကြောင်းသစ်များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းလည်း ထိုအစီအစဉ်တွင် ဖော်ပြခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းများအား ၂၀၂၂ ခုနှစ်တွင် စတင်ရန်မျှော်မှန်းထားပြီး လေဆိပ်ပြေးလမ်းသစ်အား အနီးစပ်ဆုံးအဖြစ် ၂၀၂၆ ခုနှစ်တွင် တည်ဆောက်မည် ဖြစ်သည်။ လေဆိပ်ခန်းမသစ်များသည် ၂၀၅၀ ပြည့်နှစ်တစ်ဝိုက်အထိ အဆင်သင့်ဖြစ်မည် မဟုတ်သေးပေ။

ထိုလေဆိပ်ပြေးလမ်းသစ် တိုးချဲ့မှုသည် ပထမအဆင့်တွင် ပေါင် ၁၄ ဘီလျံကုန်ကျမှု အပါအဝင် စီမံကိန်းတစ်ခုလုံးသည် ပေါင်ဘီလျံ ၃၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။ လန်ဒန်အနောက်ဘက်ရှိ ထိုလေဆိပ်သည် လတ်တလောတွင် နှစ်စဉ်ခရီးသည် ၇၈ သန်းခန့်အား လက်ခံပေးနေပြီး လေဆိပ်ပြေးလမ်းသစ် ပြီးစီးပါက ခရီးသည် သန်း ၁၃၀ ထိ လက်ခံနိုင်ရန် ရည်မှန်းထားသည်။

လေဆိပ်ပြေးလမ်းသစ်သည် ဆူညံမှုနှင့် လေထုညစ်ညမ်းမှု၊ နေထိုင်စရာပျက်စီးမှု၊ သယ်ယူပို့ဆောင်ရေး ကျပ်တည်းမှုနှင့် ရာသီဥတုပြောင်းလဲမှု စသည့်အပျက်သဘောဆောင်သော သက်ရောက်မှုများကို ထောက်ပြလျက် တက်ကြွလှုပ်ရှားသူများက နှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ကြသည်။ ထိုပြေးလမ်းသစ် တိုးချဲ့မှုအား ဟန့်တားရန် လန်ဒန်မြို့တော် ဝန်ဆာဒစ်ခန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ဒေသဆိုင်ရာ ကောင်စီများနှင့် ပူးပေါင်း၍ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရာ ပြီးခဲ့သောလတွင် ရှုံးနိမ့်ခဲ့သည်။

Ref ; AFP


READ NEXT
Cancel OK