အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးညွှန်းကိန်း အဆိုးဆုံးပြည်နယ်တစ်ခုဖြစ်သည့် ဘီဟာတွင် လိုက်ချီးသီးနှင့်စပ်ဆက်နေဖွယ်ရှိသည့် ဦးနှောက်ကူးစက်ရောဂါကြောင့် ယခုအခါကလေး ၁၀၀ ကျော်သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လူဦးရေ သန်း ၁၀၀ နီးပါး နေထိုင်ပြီး အိန္ဒိယ၏ အဆင်းရဲဆုံးမြောက်ပိုင်းပြည်နယ်တွင် အဆိုးရွားဆုံး အပူလှိုင်းလည်း ကျရောက်နေသည်။ အိန္ဒိယနိုင်ငံ၏ စံချိန်တင် ဒုတိယမြောက် အရှည်ကြာဆုံး အပူလှိုင်းကျ ရောက်နေသော ထိုပြည်နယ်တွင် လက်ရှိအချိန်ထိ ၇၈ ဦး သေဆုံးသွားခဲ့ ပြီးဖြစ်သည်။ ဘီယာပြည်နယ်သည် ဇွန်လ လယ်မှစ၍ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့နေရသည်။
မူဇက်ဖာပါးမြို့ရှိ ပြည်နယ်၏အကြီးဆုံး အစိုးရဆေးရုံ ရှရီခရစ်ရှနား ဆေးကောလိပ်နှင့် ဆေးရုံ (SKMCH) တွင် ကလေး ၈၅ ဦး သေဆုံးသွားခဲ့ပြီး ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ၁၈ ဦး သေဆုံးသွားခဲ့သည် ဟုစည်ပင်တာဝန်ရှိသူများ၏ ပြောကြားချက်ကို Press Trust of India က ကိုးကားဖော်ပြခဲ့သည်။ သေဆုံးသွားသော ကလေးအများစုသည် သွေးထဲတွင် ဂလူးကို့စ် သကြားဓာတ် ရုတ်တရက်ဆုံးရှုံးသွားခဲ့ကြသည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူ အက်ရှော့ကူးမားဆင်းက ပြောကြားခဲ့သည်။
လိုက်ချီးပေါ်သည့်ရာသီနှင့် တိုက်ဆိုင်လျက် ၁၉၉၅ ခုနှစ် မှစ၍ အဆိုပါရောဂါသည် အလားတူခရိုင်များ$ နွေလများတွင်နှစ်စဉ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ လိုက်ချီးသီးတွင်တွေ့ရသော အဆိပ်အတောက် ဖြစ်စေသည့်အရာနှင့် ဦးနှောက်ရောဂါတို့ ဆက်စပ်နေနိုင်သည်ဟု လွန်ခဲ့သောနှစ်များတွင် အမေရိကန်က ပြောကြားခဲ့သည်။
ဖြစ်ပွားသူ သုံးပုံတစ်ပုံကျော်တွင် လေဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲခြင်း၊ သေဆုံးခြင်းတို့ကို ဦးတည်သွားစေသော ရောဂါကိုရှာဖွေရန် နောက်ထပ် စူးစမ်းလေ့လာရဦးမည်ဟု အမေရိကန်သုတေသီများက ပြောကြားခဲ့ကြသည်။ ကလေးများ၏ဘေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေသော မိဘများကို ရုပ်သံလိုင်းများတွင် မြင်တွေ့ရပြီး အိပ်ယာတစ်ခုတွင် ကလေးများ ပြွတ်သိပ်နေသည်ကိုလည်း တွေ့ရသည်။
သတိရတချက် မရတချက်ဖြင့် လက်တွန်းလှည်းပေါ်တင်လာသော လူနာများ စုပြုံရောက်လာခြင်းကို SKMCH ဆေးရုံသည် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဆရာဝန်တစ်ဦးက ဒေသခံရုပ်သံလိုင်းတစ်ခုကို ပြောကြားခဲ့သည်။ အရပ်အခေါ်အားဖြင့် ချမ်ကီဘူခါ ဟုခေါ်သော ရောဂါကြောင့်၂၀၁၄ ခုနှစ်တွင် လူ ၁၅၀ စံချိန်တင်သေဆုံးခဲ့ရသည်။ လိုက်ချီးစိုက်ပျိုးသော ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့တွင်လည်း ဦးနှောက်ရောဂါ ဖြစ်ပွားမှုများရှိခဲ့သည်ဟု ဆိုသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
