အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီသည် ဇွန် ၁၇ ရက်တွင် တရားရုံး၌ ကြားနာမှု တက်ရောက်စဉ် မူးမေ့သလိုဖြစ်ခဲ့ပြီးနောက် ကိုင်ရိုရှိ ဆေးရုံတစ်ရုံတွင် ကွယ်လွန်ခဲ့ကြောင်း အစိုးရသတင်းအေဂျင်စီ Al-Ahram သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။
အသက် ၆၇ နှစ်ရှိသော မော်စီသည် တရားသူကြီးရှေ့တွင် မိနစ် ၂၀ ကြာ စကားပြောပြီးနောက် မူးမေ့သလို ဖြစ်ခဲ့ကြောင်း၊ ၎င်းအား ဆေးရုံသို့ အလျင်အမြန်ပို့ခဲ့သော်လည်း ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း တရားရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် လူထုအုံကြွမှုအပြီး တစ်နှစ်အကြာတွင် အီဂျစ်၏ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသော မော်စီသည် ၂၀၁၃ ခုနှစ်တွင် စစ်တပ်၏ အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရသည်။
မော်စီသည် အီရန်နှင့် ကာတာ တို့အတွက်၊ ဂါဇာကမ်းမြောင်ရှိ ဟားမားစ်ကဲ့သို့ စစ်သွေးကြွအဖွဲ့များအတွက် သူလျှိုပြုလုပ်ပေးမှု အပါအဝင် အမှုများစွာ ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ကျခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
