ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော် လက်ခံဆောင်ရွက်နေသည့် ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း ဆိပ်ခံတံတားရှစ်စင်းအသစ် တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာကာ ဆိပ်ကမ်းဝန်ဆောင်မှုများ လက်ခံဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အလျားမှာ ၁၃၈၅ မိုင်ရှိပြီး အဆိုပါကမ်းရိုးတန်းတစ်လျှောက် ဆိပ်ကမ်းပေါင်း ကိုးခုခန့် ရှိကာ ယင်းဆိပ်ကမ်းများတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီးတစ်ခု ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာရေကြောင်း ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ လက်ခံဆောင်ရွက်နေခြင်း ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ရာတွင် ယခင်နှစ်များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာပြီဖြစ်ကာ ဆိပ်ကမ်းဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထပ်မံတည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံတံတားများတွင် မီတာ ၂၀၀ ရှည်သည့် Green Asia ဆိပ်ခံတံတား၊ Elite Perto Chemical ဆိပ်ကမ်း၊ Wilmar International ဆိပ်ခံတံတားနှင့် International Bulk Terminal Thilawa တို့ဖြစ်ကြောင်း သိရသည်။
Puma Energy Asia Sun ဆိပ်ခံတံတားမှာ ၁၃၅ မီတာရှည်ပြီး သီလဝါမြေကွက် အမှတ် ၂၅၊ ၂၆ တွင် ဂျပန်အိုဒီအေချေးငွေဖြင့် တည်ဆောက်ထားသည့် ဆိပ်ခံတံတားနှစ်စင်းတွင် မီတာ ၄၀၀ ရှည်ကြောင်း သိရသည်။ Kyimyindaing International Port Terminal ဆိပ်ခံတံတားမှာ မီတာ ၈၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်လုပ်ငန်းဆောင်ရွက်နိုင်မှုအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်အထိ မတ်လအထိ သုံးနှစ်တာအတွင်း ကုန်သေတ္တာ ၃၂၂၀၃၇၀ လုံး၊ ကုန်တန်ချိန်အနေဖြင့် ၃၆၃၆၄၆၉၄ ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။
သီလဝါဆိပ် ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သည့် မြေကွက်များပေါ်တွင် မြေကွက်တစ်ကွက်လျှင် (၂၀၀ မီတာ × ၇၅၀ မီတာ) ရှိ မြေကွက် ၃၇ ကွက်အား ဖော်ဆောင်ကာ ပြည်တွင်းပြည်ပရင်း နှီးမြုပ်နှံများအား ဖိတ်ခေါ်ကာ ဆိပ်ကမ်းဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
သီ လဝါဒေသတွင် ဂျပန်နိုင်ငံတရားဝင် ဖွံ့ဖြိုး မှု အကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၄၈၀ မီလီယံ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်) ဖြင့် တည်ဆောက်ထားသည့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများတွင် ၄၀၀ မီတာ × ၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type) ၊ ၈၀-၉၀ မီတာ × ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိ ယာများဖြစ်သည့် Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်းတို့အားဝယ်ယူ တပ်ဆင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
