မရေရာမှု မြင့်တက်လာနေသောကမ္ဘာကြီးတွင် မဟာမိတ်များအား မှီခိုခြင်းမရှိဘဲ ဥရောပက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် အဓိကကျသည်ဟု ရှုမြင်ခံရသော မျိုးဆက်သစ် တိုက်လေယာဉ်ကို ဖန်တီးတည်ဆောက်ရန် ပြင်သစ်နှင့် ဂျာမနီတို့၏ အစီအစဉ်၌ စပိန်က ဇွန် ၁၇ ရက်တွင် ပူးပေါင်းခဲ့သည်။
Dassault Aviation ၏ ရာဖေးတိုက် လေယာဉ်နှင့် ဂျာမနီ၏ Eurofighter တိုက်လေယာဉ်နေရာများတွင် လာမည့်အချိန်တစ်ခု၌ အစားထိုးရန်အတွက် ၂၀၄၀ ပြည့်နှစ်မှစတင်၍ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားသော ထိုတိုက်လေယာဉ်သစ်ကို Dassault Aviation နှင့် Airbus တို့က တည်ဆောက်ကြမည်ဖြစ်သည်။
ထိုတိုက်လေယာဉ်စီမံကိန်းတွင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုကို ပါရီ၌ကျင်းပသော လေကြောင်းပြပွဲတွင် ပြင်သစ်၊ ဂျာမနီနှင့် စပိန်တို့မှ ကာကွယ်ရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုတိုက်လေယာဉ်သစ်၏ အင်ဂျင်ကိုပူးတွဲ တည်ဆောက်ရန် ပြင်သစ်၏ Safran နှင့် ဂျာမနီ၏ MTU Aero Engines တို့က ပူး ပေါင်းမည်ဖြစ်သည်။
ထိုတိုက်လေယာဉ်သစ်တည်ဆောက်မည့် ပူးတွဲလုပ်ငန်းအဆိုပြုချက်ကို Dassault နှင့် Airbus တို့က ပြင်သစ်နှင့် ဂျာမနီ အစိုးရတို့ထံ ပေးပို့ခဲ့သည်။ ပထမဆုံးသရုပ်ပြအဆင့်က နောက်ထပ်အရေးပါသော ခြေလှမ်း၏အမှတ်အသားဖြစ်ကြောင်း ထိုပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထိုတိုက်လေယာဉ်စီမံကိန်းတွင် ဗြိတိန်နှင့်ပူးတွဲလုပ်ဆောင်ရန်အတွက်လည်း ပြင်သစ်က ကြိုးပမ်းနေရာ ဥရောပ၏ စစ်အင်အားအကြီးဆုံး နှစ်နိုင်ငံကို ပူးပေါင်းမှုဖြစ်စေမည် ဖြစ်သည်။
တိုက်လေယာဉ်တစ်စင်း၊ ဒရုန်းများကဲ့သို့ ဆက်စပ်လက်နက်များအပါအဝင် အနာဂတ်တိုက်လေယာဉ်စနစ်သစ် SCAF ကို ဖော်ဆောင်ရန် အစီအစဉ်များကို ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့က ၂၀၁၇ ခု နှစ် ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည်။
ဗြိတိန်ကလည်း ၎င်း၏ တိုက်လေယာဉ်သစ်အစီအစဉ်ကို ပြီးခဲ့သောနှစ် ဇူလိုင်တွင် ထုတ်ပြန်ခဲ့ရာ ဥရောပကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အနာဂတ်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုနှင့် သံသယများ နက်ရှိုင်းနေမှုကို ပေါ်လွင်စေခဲ့သည်။
ယခုတိုက်လေယာဉ်သစ်စီမံကိန်းတွင် ပြင်သစ်နှင့် ဂျာမနီအစိုးရတို့က ကနဦးတွင် ယူရိုလေးဘီလျံ (ဒေါ်လာ ၄.၅ ဘီလျံ) ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရပြီး ထိုစီမံကိန်းအား ဦးဆောင်သူ ပြင်သစ်က ယူရို ၂.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုတိုက်လေယာဉ်သစ် ရှေ့ပြေးပုံစံကို ၂၀၂၆ ခုနှစ်ဝန်းကျင်တွင် ပထမဆုံး စမ်းသပ်ပျံသန်းရန် ပါရီနှင့် ဘာလင်တို့က ပစ်မှတ်ထားနေသည်။ Ref ; Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
