Top News

အမေရိကန်ဖိအားကြောင့် Huawei ဖုန်းရောင်းအားထိုးကျပြီး ထုတ်လုပ်မှုလျှော့ချရန် စီစဉ်
24htopnews | December 3, 2024 4:12 AM CST

အမေရိကန်သည် ပြီးခဲ့သည့်လက တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei ကို အမည်ပျက်စာရင်းသွင်းရန် ခြိမ်းခြောက်ပြီးချိန်ကတည်းက Huawei ၏ ပြည်ပစမတ် ဖုန်းရောင်းချရမှုမှာ ထိုးဆင်းသွားသည်ဟု တည်ထောင်သူ ရင်ကျန်ဖေက ဇွန် ၁၇ ရက် တွင် ပြောကြားခဲ့သည်။ Huawei ကို အထီးကျန်စေရန် အမေရိကန်၏ ကြိုးပမ်းနေမှုအား ကျော်လွှားရန် ပြဿနာပတ်လည်ဝိုင်းနေသည့် ၎င်းတို့လုပ်ငန်းသည် ထုတ်လုပ်မှု လျှော့ချမည်ဟုလည်း ရင်ကသတိပေးခဲ့သည်။

Huawei တည်ထောင်သူနှင့် စီအီးအိုရင်၏ ယခုကြေညာချက်များက ၎င်းတို့ကုမ္ပဏီသည် အမေရိကန်ဖိအား၏ သက်ရောက်မှုအား ခံစားနေရပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်း ရှင်းကျန်မြို့ရှိ  Huawei ဌာနချုပ်တွင်ကျင်းပသော ဆွေးနွေးပွဲတစ်ခုအတွင်း Huawei ၏ ပြည်ပစမတ်ဖုန်းရောင်းချရမှုမှာ ရာခိုင်နှုန်း ၄၀ လျော့ကျသွားကြောင်း မီဒီယာ၏ ဖော်ပြမှုကို အတည်ပြုနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ရာတွင် “ဟုတ်ပါတယ်။ ၄၀ ရာခိုင်နှုန်း ကျသွားပါတယ်” ဟု ရန်က ပြန်ဖြေခဲ့သည်။

အရောင်းကျဆင်းမှုနှင့်ပတ်သက်ပြီး ရန်ဘက်က အသေးစိတ်မပြောကြားခဲ့ပေ။ သို့သော် Huawei ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ရန် ဆိုလိုသည်မှာ အမေရိကန်၏ အမည်ပျက်စာရင်းထည့်ရန် ခြိမ်းခြောက်မှုနောက်ပိုင်း မေမှ ဇွန်အတွင်း ရာခိုင်နှုန်း ၄၀ ကျဆင်းခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ထပ်မံရှင်းလင်းခဲ့သည်။

တရုတ်ပြည်တွင်း စျေးကွက်ထဲတွင်မူ အလွန်မြန်ဆန်စွာ အရောင်းတက်လာကြောင်း ရန်က ဖြည့်စွက်ပြောကြားခဲ့သည်။ Huawei သည် ယမန်နှစ်က ကမ္ဘာ့နံပါတ်နှစ် စမတ်ဖုန်းထုတ်လုပ်သည့် လုပ်ငန်းဖြစ်လာသလို ဆက်သွယ်ရေးကွန်ရက် ပံ့ပိုးပေးသည့် အကြီးဆုံး လုပ်ငန်းလည်းဖြစ်လာသည်။ နံပါတ်သုံး စမတ်ဖုန်းထုတ်သည့် လုပ်ငန်းမှာ Apple ဖြစ်ပြီး Samsung မှာ နံပါတ်တစ်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်းက စမတ်ဖုန်း အလုံးပေါင်း ၂၀၆ သန်း ရောင်းချခဲ့ရပြီး ယင်းတို့အနက် ထက်ဝက်မှာ ပြည်တွင်းသို့ဖြစ်ကာ ကျန်ထက်ဝက်မှာ ပြည်ပသို့ဖြစ်သည်ဟု Huawei က ဆိုသည်။

လက်ရှိကြုံနေရသည့် အခက်အခဲများ ကို ကျော်လွှားရန် လာမည့်နှစ်နှစ်အတွင်း ထုတ်လုပ်ရေးတွင် ဒေါ်လာ ဘီလျံ ၃၀ ဖိုး လျှော့ချသွားရန် အစီအစဉ်ရှိသည်ဟု အသက် ၇၄ နှစ်အရွယ် ရန်က ပြောကြားခဲ့သည်။ မည်သည့်ကဏ္ဍကို အဓိကလျှော့ချမည်ကိုမူ ၎င်းက မထုတ်ဖော်ခဲ့ပေ။                         Ref; AFP


READ NEXT
Cancel OK