ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘာရှားသည် ဇွန် ၁၆ ရက်က စစ်တပ်ယာဉ်တန်းတစ်ခုဖြင့် အစိုးရရှေ့နေရုံးသို့ သွားရောက်ခဲ့သည်။ ဘာရှားသည် ရာထူးမှ ပြုတ်ကျပြီး နောက်ပိုင်း ၎င်းအား လူမြင်ကွင်း၌ ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။
အရှေ့မြောက်အာဖရိကရှိ ဆူဒန်နိုင်ငံကို ဆယ်စုနှစ်သုံးခုကြာအောင် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း ဘာရှားသည် ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သော လနှင့်ချီဆန္ဒပြမှုကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၁၁ ရက်က ဖြုတ်ချခံခဲ့ရသည်။
ရိုးရာအဖြူရောင်ဝတ်ရုံနှင့် ခေါင်းပေါင်း ဝတ်ဆင်ထားသော ဘာရှားသည် ခြစားမှုစွဲ ချက်များနှင့် ရင်ဆိုင်ရန်အတွက် နာမည်ဆိုး ဖြင့်ကျော်ကြားသော ခိုဘာအကျဉ်းထောင် မှ မြို့တော်ခါတွန်ရှိ အစိုးရရှေ့နေရုံးသို့ လက် နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယာဉ် တန်းတစ်ခုဖြင့် သွားရောက်ခဲ့သည်။
နိုင်ငံခြားငွေကြေးများ ပိုင်ဆိုင်မှု၊ ခြစားမှု၊ တရားမဝင်လာဘ်ယူမှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရမည့်အကြောင်းကို ဘာရှားအား ၎င်းရာထူးမှ ဆင်းရပြီးကတည်းက အသိပေးထားသည်ဟု အစိုးရရှေ့နေ အလာဒင်ဒါဖော်လာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘာရှားထံမှ အာဏာသိမ်းယူထားသည့် စစ်ကောင်စီအသစ်မှ ထိပ်တန်းဗိုလ်မှူးကြီးတစ်ဦးက ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော လူဒါဇင်နှင့်ချီသေခဲ့ရသည့် အထင်ကရ ဆန္ဒပြနေရာတစ်ခုအား အင်အားသုံး ဖြိုခွင်းခဲ့သူများသည် သေဒဏ်နှင့် ရင်ဆိုင်ရမည်ဟုလည်း ပြောကြားခဲ့သည်။
“ဒါကို လုပ်ဆောင်ခဲ့သူတွေကို ကြိုးစင်တင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်”ဟု အာဏာရစစ်ကောင်စီ၏ ဒုတိယအကြီးအကဲဖြစ်သော မိုဟာမက်ဟာဒန် ဒါဂိုလာက အစိုးရရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သော မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။
မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်၌ စခန်းချနေကြသည်မှာ သီတင်းပတ်ပေါင်းများစွာရှိပြီဖြစ်သည့် ဆန္ဒပြသူများကို ဇွန် ၃ ရက်တွင် စစ်ဝတ်စုံဝတ်ဆင်ထားသည့် လက်နက်ကိုင်အမျိုးသားများက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထိုဖြိုခွင်းမှုအတွင်း သေဆုံးသူ ၁၂၈ ဦးရှိခဲ့ပြီး နေ့ခင်းပိုင်း၌ ထိုင်သပိတ်တွင် ပါဝင်သူအများစုမှာ ရှင်းလင်းခံခဲ့ရသည်ဟု ဆန္ဒလှုပ်ရှားမှုနှင့် နီးစပ်မှုရှိသော ဆရာဝန်များက ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနကမူ ဇွန် ၃ ရက်က တစ်နိုင်ငံလုံးတွင် သေဆုံးသူဦးရေမှာ ၆၁ ဦးရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ဇွန် ၁၆ ရက်က အာရပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ အာမက်အဘူဂစ်သည် ခါတွန်သို့ ရောက်ရှိလာပြီး ထိုဆန္ဒပြပွဲဖြိုခွင်းမှုကြီးနှင့်ပတ်သက်၍ အပြည့်အဝစုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းခဲ့သည်။
ဆူဒန်၏ နိုင်ငံတကာကြွေးမြီများကို လျှော်ပေးမည့်အရေးနှင့် ၀ါရှင်တန်၏ အကြမ်းဖက်မှုအား ထောက်ပံ့သည့်နိုင်ငံများ စာရင်းမှ ဆူဒန်ကို ဖယ်ရှားရေးတို့ကို အာရပ်အဖွဲ့ချုပ်က ထောက်ခံကြောင်း ကိုဂစ်က ၎င်း၏ ခရီးစဉ်အတွင်း ပြောခဲ့သည်။
ဆူဒန်သည် အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့်အတူ အစ္စလာမ္မစ်အကြမ်းဖက်များအား ထောက်ပံ့သည့် အမေရိကန်၏ အမည်ပျက်စာရင်း၌ ထည့်သွင်းခံရမှုသည် ဆယ်စုနှစ်နှင့်ချီရှိနေပြီ ဖြစ်သည်။
Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
