အရှေ့အလယ်ပိုင်းဒေသတွင် အဓိကကျသော ရေနံတင်ပို့သည့် လမ်းကြောင်း၌ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အီရန်ပါဝင်ကြောင်းကို လက်ခံရန် သတိထားနေကြသည့် ဥရောပနှင့် အာရှခေါင်းဆောင်များအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စည်းရုံးနေခဲ့ပြီး ယင်းသည် အမေရိကန်အတွက်သာမက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကပါ ဖြေရှင်းရမည့်ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် ဟော်မုဇ်ရေလက်ကြားအနီး ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်အတွက် အီရန်ကို အပြစ်တင်ရန် မမှားယွင်းနိုင်သည့် အထောက်အထားများ အမေရိကန်တွင်ရှိကြောင်း ပြောကြားလျက် ပွန်ပီယိုက အမေရိကန်စစ်ဘက်၏ တုံ့ပြန်မှုသစ်များ ဖြစ်နိုင်ခြေအတွက် နိုင်ငံတကာသံတမန်ရေးကြိုးပမ်းမှုကို အလေးထားပြောကြားခဲ့သည်။
ထိုရေလက်ကြား ဆက်လက်ဖွင့်ထားနိုင်ရန်အတွက် မိမိတို့အား ကူညီပေးရန် အကျိုးစီးပွား အလွန်အမင်းပတ်သက်နေသည့် နိုင်ငံများအား စုစည်းရန် လုပ်ဆောင်နေကြောင်း ပွန်ပီယိုက Sunday သတင်းအစီအစဉ်၌ ပြောကြားခဲ့သည်။ “မနေ့က ကျွန်တော် ဖုန်းတွေဆက်ပြီး ပြောခဲ့ပါတယ်။ ဒီနေ့လည်း ဖုန်းထပ်ဆက်ပြီးတော့ ပြောပါမယ်။ ကမ္ဘာကြီးက ညီညွတ်ဖို့ လိုပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သော်လည်း သမ္မတဒေါ်နယ်ထရန့်အစိုးရက မည်သည့်လုပ်ရပ်များအား လုပ်ဆောင်မည်ကို မပြောခဲ့ပေ။
ရေနံတင်သင်္ဘောများ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည့် အီရန်က အမေရိကသည် အီရန်အား ဆန့်ကျင်သည့် ‘အီရန်ကြောက်စိတ်လွန်ကဲမှု’ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။
ဒေသတွင်း၌ အမေရိကန်စစ်ဘက်၏ တပ်စွဲမှုများအား ထပ်မံပြုလုပ်နိုင်ခြင်းရှိ မရှိမေးမြန်းခဲ့ရာ ပွန်ပီယိုက ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘောများ ဆက်လက်ဖြတ်သန်းနိုင်ရန် သမ္မတထရန့်က စဉ်းစားဖွယ်ရှိသည့် ရွေးချယ်စရာများတွင် ထိုအချက်သည် ပါဝင်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။ အမေရိကန်သည် အရှေ့အလယ်ပိုင်း ၌ USS Abraham လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးရေယာဉ်စုကို တပ်ဖြန့်ခဲ့ပြီး ကာတာသို့ B – 52 ဗုံးကြဲလေယာဉ်လေးစင်းအား စေလွှတ်ခဲ့ကာ ပက်ထရီယော့ ဒုံးခွင်းစနစ်များကိုလည်း ချထားခဲ့သည်။
ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိသူအား စုံစမ်းဖော်ထုတ်ရာ၌ သတိထားကြရန် ဥရောပမဟာမိတ်အချို့က တောင်းဆိုခဲ့ကြပြီး အမေရိကန်၏ ထိပ်တန်းရန်ဘက်ဖြစ်သည်ဟု ထရန့်က ကာလရှည်ကြာ ခေါ်ဆိုခဲ့သည့် အီရန်နှင့် တင်းမာမှုမြင့်တက်စေရန် ၎င်းက လုပ်ဆောင်မည်ကို ထိုနိုင်ငံများက စိုးရိမ်နေကြသည်။ ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အကြား တည်ရှိသော ကျဉ်းမြောင်းသည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အမေရိကန်က စွမ်းအင်ထောက်ပံ့ပို့ဆောင်မှုသည် အတော်အသင့်နည်းပါးကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
အမေရိကန်သည် ၂၀၁၈ ခုနှစ်တွင်ပါ ရှန်ပင်လယ်ကွေ့နိုင်ငံများမှ ရေနံတင်သွင်းမှုသည် ၁၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲ ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ နှင့် တောင်ကိုရီးယားတို့ ပါဝင်သည့် အာရှဒေသမှ စွမ်းအင်အလွန်အမင်း လိုအပ်နေသည့်နိုင်ငံများသို့ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စွမ်းအင်များ သယ်ဆောင်မှုသည် ရာခိုင်နှုန်း ၈၀ ခန့်ရှိနေသည်။
ရေနံတင်သင်္ဘောတိုက်ခိုက်ခဲ့မှုတွင် အီရန်၌ တာဝန်ရှိကြောင်း ပြသရန်ထောက်လှမ်းရေး တာဝန်ရှိသူများ၌ အချက်အလက် နှင့် အထောက်အထားအများအပြားရှိထားကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။ ဂျပန်ရေနံတင်သင်္ဘောမှ မပေါက်ကွဲသေးသော မိုင်းတစ်ခုကို အီရန်တော်လှန်ရေးအစောင့်တပ်က ဖယ်ရှားနေမှုအား ရိုက်ကူးထားသည့် အမေရိကန်ရေတပ်၏ အဖြူအမည်းဗီဒီယိုတစ်ခုကို ပွန်ပီယိုက အထောက်အထားတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
