Top News

ဂျော့ကလူးနီ ဟန်ဆောင်ပြီး ပစ္စည်းများ လိမ်ညာရောင်းချခဲ့သည့် အီတလီစုံတွဲကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
24htopnews | December 3, 2024 4:12 AM CST

ဟောလိဝုဒ်ကြယ်ပွင့် ဂျော့ချ်ကလူးနီ  ဟန်ဆောင်ကာ အွန်လိုင်းမှ အကျများ ရောင်းချမှုဖြင့် အီတလီ အမျိုးသားနှင့် ဇနီးဖြစ်သူကို ထိုင်းနိုင်ငံ၌ ဖမ်းဆီးလိုက်ပြီဟု ရဲတပ်ဖွဲ့က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၅၈ နှစ်အရွယ် ဖရန်စစ္စကို ဂေါ်ဒယ်လီနှင့် အသက် ၄၅ နှစ်အရွယ် ဗန်ဂျာဂေါ့ဖီတို့သည် နှစ်ပေါင်းများစွာ ထွက်ပြေးနေခဲ့ခြင်း ဖြစ်သည်။ ထိုင်းနှင့် အီတလီ အာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဇွန် ၁၅ ရက်က ထိုနှစ်ဦးကို ပတ္တရား ဆင်ခြေဖုံးရှိ နေအိမ်တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ပိုက်ဆံ လိမ်ညာယူရန် ဂျော့ကလူးနီ ဟန်ဆောင်ကာ အဝတ်အထည် လုပ်ငန်းတစ်ခုအား လုပ်ကိုင်ခဲ့သည်ဟု ဖရန်စစ္စကိုက ရဲတပ်ဖွဲ့၏ စစ်မေးမှုအတွင်း ဝန်ခံခဲ့သည်။

ရိုးလက်စ် နာရီအတုများအား အွန်လိုင်းမှ ရောင်းချမှု အပါအဝင် လိမ်ညာမှုများစွာဖြင့် ထိုမောင်နှံ နှစ်ဦးကို အီတလီတွင်လည်း အလိုရှိနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ရံဖန်ရံခါ၌ ဝယ်သူများထံသို့ လက်ပတ်နာရီများအစား ဆားထုပ်များကို ပို့ခဲ့ဟု သိရသည်။

ထိုနှစ်ဦး၏ အမှုများကို အီတလီ Bonnie and Clyde ဟု တင်စား ခေါ်ဝေါ်ကြသည်။ Bonnie and Clyde ဆိုသည်မှာ ၁၉၂၉ -၁၉၃၉ ခုနှစ်အတွင်းက နာမည်ကြီး အမေရိကန်ဘဏ်ဓားပြ စုံတွဲဖြစ်သည်။

၂၀၁၃ ခုနှစ်ကတည်းက အင်တာပိုမှ အနီရောင် နို့တစ်စာ ထုတ်ခံထားရသည့် ထိုနှစ်ဦး၏ တန်ဖိုးကြီးအိမ်ကို ရဲများက အီလက်ထရွန်နစ် စောင့်ကြည့်ရေးနှင့် ဒရုန်းတို့ဖြင့် စောင့်ကြည့်ကာ ၀ိုင်းထားပြီးနောက် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။                

 

 


READ NEXT
Cancel OK