ဟန်ဂေရီဖွား အမေရိကန်စတန့်ထွင်သူ ဟာရီဟူဒီနီအား အားကျပြီး ခြေလက်များအား သံကြိုးနှင့် ကြိုးများ တုပ်နှောင်ကာ မြစ်ထဲသို့ စောက်ထိုးဆင်းခဲ့သည့် အိန္ဒိယ မျက်လှည့်ဆရာ တစ်ဦးသည် ရေနစ်သွားပြီး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇာတ်စင်သုံး နာမည် ဂျာဒူဂါမန်ဒရိတ်ဟု လူသိများသော ချန်ချယ်လာဟီရီသည် ဇွန် ၁၆ ရက်တွင် ကိုလ်ကတ္တားမြို့၌ အဝါနှင့် အနီဝတ်စုံ ဝတ်ဆင်ပြီး မြစ်ထဲသို့ တဖြည်းဖြည်း ဆင်းသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ခြေထောက်နှင့် လက်များအား ကြိုးဖြင့် တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားခဲ့သည့် အသက် ၄၀ ရှိ လာဟီရီသည် ရေထဲမှ ပြန်ပေါ်လာခြင်း မရှိသဖြင့် ၎င်း၏ မိသားစုနှင့် အဖွဲ့ဝင်များ အပါအဝင် ကြည့်ရှုသူများက ထိတ်လန့်ခဲ့ကြသည်။
ရေစီးသန်သော ထိုမြစ်ထဲ၌ ကယ်ဆယ်ရေးများက ဇွန် ၁၆ ရက် နောက်ပိုင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြသော်လည်း ၎င်းအား ရှာမတွေ့သေးကြောင်း မြစ်ကြောင်းသွားလာမှု ထိန်းချုပ်ရေးရဲတပ်ဖွဲ့မှ ဆာယက်ဝါကူအာရာဇာ က ပြောကြားခဲ့သည်။ လာဟီရီသည် မြစ်ထဲတွင် ရေနစ်သွားမည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သော ၂၁ နှစ်ခန့်က နိုင်ငံအရှေ့ပိုင်းရှိ ထိုမြစ်ထဲတွင်ပင် အလားတူ စတန့်ပြမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း လာဟီရီက ယခုစတန့် မတိုင်မီ ပြောကြားခဲ့သည်။ ကျည်ကာ မှန်သေတ္တာထဲတွင် သူသည် ခြေထောက်နှင့် လက်များ၌ သံကြိုးများ၊ သော့ခလောက်များဖြင့် တုပ်နှောင်ခဲ့ပြီး ဟောင်ရာမြစ်ထဲသို့ ဆင်းခဲ့ကြောင်း၊ ယင်းနောက် အချိန် ၂၉ စက္ကန့်အကြာ၌ အောင်မြင်စွာ ပြန်တက်လာနိုင်ခဲ့ကြောင်း လာဟီရီက ပြောကြားခဲ့သည်။ ယခုတစ်ကြိမ် စတန့်တွင်မူ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ခက်ခဲမည်ဟု ၎င်းက ဝန်ခံခဲ့သည်။
အကယ်၍ ၎င်းက ရေပေါ်သို့ အောင်မြင်စွာ ပြန်တက်လာနိုင်ခဲ့ပါက ပဥ္စလက်ဆန်မည်ဖြစ်ပြီး မလုပ်နိုင်ခဲ့ပါက ဝမ်းနည်းစရာကောင်းမည် ဖြစ်ကြောင်း လာဟီရီက ပြောကြားခဲ့သည်။ မျက်လှည့်ပညာကို စိတ်ဝင်စားမှု ပြန်လည် ရရှိစေရန်အတွက် အသက်အန္တရာယ်ကို အာခံသော စတန့်များကို ၎င်းက ပြုလုပ်နေကြောင်းလည်း လာဟီရီက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ထိုမြစ်၌ အခြားစတန့် တစ်ခုကို လာဟီရီက ပြသနေစဉ် သူသည် ပိတ်ထားသည့် လှောင်အိမ် တစ်ခု၏ တံခါးပေါက် တစ်ခုမှတစ်ဆင့် ထွက်ပြေးသွားမှုကို သိသိသာသာ မြင်တွေ့ခဲ့ရပြီးနောက် ကြည့်ရှုသူများက တိုက်ခိုက်ခဲ့ကြသည်။ ယင်းအချိန်က ပရိသတ်များသည် လာဟီရီအား ရိုက်နှက်ခြင်း၊ ထိုးခြင်းနှင့် ၎င်း၏ ရှည်လျားသော ရွှေအိုရောင် ဆံပင်တုကို တရွတ်တိုက်ဆွဲခြင်း လုပ်ခဲ့ကြသည်။
ယင်းမတိုင်မီ ဆယ်စုနှစ် တစ်ခုနီးပါးကလည်း လာဟီရီသည် မြစ်ရေပြင်ပေါ်တွင် လမ်းလျှောက်ပြမည်ဟု ကြေညာခဲ့သော်လည်း စတန့်မှားယွင်းသဖြင့် အလျင်အမြန်ပင် နောက်ပြန် လှည့်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
