ဟောင်ကောင်တွင် ရာဇဝတ်သားဟု သံသယရှိသူများအား လွှဲပြောင်းရေး ဥပဒေကြမ်းတစ်ရပ်နှင့် ပတ်သက်၍ ဆန္ဒပြသူများနှင့် ရဲများကြား၌ မကြုံစဖူး ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြဿနာ ပတ်လည်ဝိုင်းနေသည့် ဟောင်ကောင်ခေါင်းဆောင်သည် ဥပဒေကြမ်းအတည်ပြုရေးတွင် တစ်ဆင့်နောက်ဆုတ်ပေးခဲ့သည်။ သို့သော် ဆူပွက်နေသော ပြည်သူတို့၏ ဒေါသမှာ လျော့ကျသွားခြင်းမရှိဘဲ ဇွန်၁၆ ရက်က ထောင်နှင့်ချီသော လူများသည် ဟောင်ကောင်မြို့လယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်သည် ရက်ပေါင်းများစွာ ဖိအားများနှင့် ကြုံခဲ့ရပြီးနောက် သဘောထားကွဲလွဲမှု အလွန်နက်ရှိုင်းနေသည့် ထိုဥပဒေကြမ်းအား အတည်ပြုရေးကို ဇွန် ၁၅ ရက်က ဆိုင်းင့ံလိုက်ပြီး ပြည်သူတို့၏ စိတ်သဘောထားကို မှားယွင်းတွက်ချက်မိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ သို့သော် အုပ်ချုပ်ရေးမှူးလမ်အပေါ် ဖိအားများ ထပ်ပေးရေးအတွက် ဇွန် ၁၆ ရက်က ဆန္ဒပြသူများသည် “မကောင်းဆိုးရွား ဥပဒေကို ပယ်ဖျက်” ဟု သံပြိုင်ဟစ်ကြွေးရင်း ဟောင်ကောင်၏ လမ်းများပေါ်တွင် ချီတက်ခဲ့ကြသည်။
အနက်ရောင်များဝတ်ဆင်ထားကြသည့် ဆန္ဒပြသူများသည် ကျွန်းမကြီးရှိ ပန်းခြံတစ်ခုမှ ဟောင်ကောင်ပါလီမန်သို့ ချီတက်ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဆန္ဒပြမှုကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပါဝင်သူ တစ်သန်းကျော်ရှိသည်ဟု ဆန္ဒပြပွဲ စီစဉ်သူများက ပြောကြားခဲ့ကြသည်။
တရုတ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော ထိုဥပဒေကြမ်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တရုတ်၏ လျှို့ဝှက်ပြီး နိုင်ငံရေးစွတ်ဖက်မှုများရှိသောတ ရားရေးစနစ်နှင့် သွားပတ်သက်ရပြီး လုံခြုံသော စီးပွားရေးဗဟိုချက်ဆိုသည့် ဟောင်ကောင်၏ ဂုဏ်ပုဒ်ဆုံးရှုံးရမည်ကို ဟောင်ကောင်လူထုက စိုးရိမ်နေကြသည်။
“ကယ်ရီလမ်ရဲ့ တုံ့ပြန်မှုဟာ တော်တော်လေး မရိုးသားဘူး။ ဒီဥပဒေကြမ်းကို အစိုးရက ဖျက်သိမ်းမှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် ဒီနေ့လမ်းပေါ်ထွက်လာခဲ့တာဖြစ်တယ်” ဟု ဆန္ဒပြပွဲသို့ သားသမီးများ ခေါ်လာသော အသက် ၃၉ နှစ်အရွယ် တာရန့်ရှက်က ပြောကြားခဲ့သည်။
၁၉၉၇ ခုနှစ်က ဗြိတိန်ကိုလိိုနီလက်မှ တရုတ်အစိုးရလက်အောက်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဟောင်ကောင်၌ အဆိုးရွားဆုံး နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပွားခဲ့သော ဇွန် ၁၂ ရက်က ရဲများသည် မျက်ရည်ယိုဓာတ်ငွေ့များ၊ ရော်ဘာကျည်များသုံးပြီး ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ကြသည်။ ထိုဖြစ်စဉ်အတွင်း ရဲ ၂၂ ဦးအပါအဝင် လူ ၈၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ဇွန် ၁၅ ရက်နှောင်းပိုင်းကမူ လူတစ်ဦးသည် အဆောက်အအုံတစ်ခုပေါ်မှနေ၍ ဥပဒေကြမ်းအားဆန့်ကျင်သော စာတန်းကို နာရီပေါင်းများစွာ ကိုင်မြှောက်ထားပြီးနောက် အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။
“သူတို့ရဲ့တာဝန်ဟာ ကျုပ်တို့ကို ကာကွယ်ဖို့ပါ။ ပစ်ဖို့ မဟုတ်ဘူး” ဟု ရဲတို့ကို ရည်ညွှန်းရေးသားထားသည့် နဖူးစည်း စာတန်းတစ်ခုကို ဇွန် ၁၆ ရက်က ဆန္ဒပြပွဲအတွင်း တွေ့ရသည်။
လမ်သည် ဥပဒေကြမ်းကို ဆိုင်းငံ့ခဲ့သော်လည်း အလုံးစုံ မဖျက်သိမ်းသေးပေ။ လမ်၏ လိုက်လျောမှုကို ဆန္ဒပြခေါင်းဆောင်များက လက်မခံဘဲလမ်အား ရာထူးမှ နုတ်ထွက်ရန်၊ ဥပဒေကြမ်းကို ရာသက်ပန် ဖျက်သိမ်းရန်၊ ရဲတို့၏ လုပ်ရပ်အတွက် ပြန်တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ “လွှဲပြောင်းရေးဥပဒေကြမ်းကို ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ တစ်ခုတည်းသော အဓိပ္ပာယ်ကတော့ ကယ်ရီလမ်ဟာ သူကြိုက်တဲ့အချိန် ပြန်စမယ်ဆိုတဲ့သဘောပါပဲ” ဟု တက်ကြွလှုပ်ရှားသူ လီချော့ယန်က ပြောခဲ့သည်။
ယခုဥပဒေကြမ်းကိစ္စတွင် လမ်ဘက်၌ ရှိသူဦးရေမှာ တစ်စတစ်စနည်းပါးလာပြီး တရုတ်လိုလားသည့် ဥပဒေမတ်များကပင် ပြီးခဲ့သည့် ရက်များအတွက်က ရာဇဝတ်သား လွှဲပြောင်းရေးအဆိုပြုချက်နှင့် ပတ်သက်ပြီး ခပ်ခွာခွာနေနေကြသည်။ တရုတ်အစိုးရကမူ ဥပဒေကြမ်း အတည်ပြုရေးကို ရပ်ဆိုင်းလိုက်ခြင်းသည် ပြည်သူတို့၏ အသံကို ပိုမို နားထောင်ရန်နှင့် ပြန်လည်တည်ငြိမ်စေရန်အတွက် သင့်တော်သော ဆုံးဖြတ်ချက်ဟု ပြောခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
