Top News

၂၀၁၉ ခုနှစ် ၁၀ လအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်ကာလတူထက် ခြောက်သိန်းခွဲကျော် တိုးတက်ခဲ့ပြီး တရုတ်ခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်
24htopnews | December 3, 2024 10:12 AM CST

ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ဆယ်လတာကာလအတွင်းမြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ် ကာလတူထက် ခြောက်သိန်းခွဲကျော် တိုးတက်လာကြောင်း နိုဝင်ဘာ ၄ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီမှ အောက်တိုဘာအထိ ပြည်ပခရီးသွား ဝင်ရောက်ပမာဏသည်၂၈၄၄၅၀၈ ဦးရှိပြီး၂၀၁၉ ခုနှစ် ကာလတူတွင် ၃၅၂၃၇၈၄ ဦး ဝင်ရောက်လာပြီး ၆၇၉၂၇၆ ဦး တိုးတက်လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ၁၀ လတာကာလအတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုတွင် လေကြောင်းဖြင့် လာရောက်သူမှာ ၁၄၁၄၉၇၂  ဦး၊ အပျော်စီးသင်္ဘောဖြင့် ဝင်ရောက်သူမှာ ၆၃၀၇ ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများမှာ ၁၀၀၀၉၁ ဦး၊ ဗီဇာဖြင့်လာရောက်သူမှာ ၁၅၂၁၃၇၀ ဦးနှင့် နယ်စပ်တွင် ဝင်ရောက်သူမှာ၂၀၀၂၄၁၄ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှုများတွင် နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှုသည်၂၀၁၈ ခုနှစ်တွင် ၃၅၃၇၇ ဦးသာ ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် ၁၀၀၀၉၁ ဦး ဝင်ရောက်ခဲ့ကာ နှိုင်းယှဉ်ချက်များအရ ၁၈၃ ရာခိုင်းနှုန်း တိုးတက်ခဲ့ပြီး အပျော်စီးသင်္ဘောဖြင့် ဝင်ရောက်လာသည် ့ပြည်ပခရီးသွားများ ဝင်ရောက်မှုမှာ ယခင်နှစ်က ၇၁၃၉ ဦး ဝင်ရောက်ခဲ့ကာ ယခုနှစ်တွင် ၆၃၀၇ ဦးသာ ဝင်ရောက်ခဲ့ရာ ၁၂ ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျသွားသည်ဟု သိရသည်။

လက်ရှိတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုတွင် တရုတ်ခရီး သွား ဝင်ရောက်မှုသည် အများဆုံးဖြစ်ပြီး ကိုရီးယားခရီးသွား ဝင်ရောက်မှုမှာ ဒုတိယ အများဆုံးဖြစ်သည်ဟု သိရသည်။

အနောက်ဥရောပနိုင်ငံများတွင် စပိန်နှင့်အီတလီ ခရီးသွားများသည် ဝင်ရောက်မှု အများဆုံးဖြစ်သည်ဟု သိရသည်။

အာဆီယံနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် ခရီးသွား ဝင်ရောက်မှုသည် လျော့နည်းသွားပြီး အနောက်ဥရောပနိုင်ငံများတွင် ယူကေ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ခရီးသွားများ ဝင်ရောက်မှုလျော့နည်းသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 


READ NEXT
Cancel OK