Top News

ပြီးခဲ့သည့် သုံးနှစ်အတွင်း ကျေးရွာပေါင်း ၈၅ ရွာတွင် Solar mini - grid လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးထားပြီး ယခုနှစ်တွင်လည်း Solar mini - grid လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀၀ ခန့် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်ဟုဆို
24htopnews | December 3, 2024 10:12 AM CST

ပြီးခဲ့သည့် သုံးနှစ်အတွင်း အစိုးရက ကျေးလက်မီးလင်းရေးအတွက် ဆိုလာဟောင်း စနစ်ဖြင့် ကျေးရွာပေါင်း၂၀၀၀ ခန့်ကို အကောင်အထည်ဖော်ပေးထားပြီး ကျေးရွာပေါင်း ၈၅ ရွာတွင် Solar mini - grid လျှပ် စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက် ပေးထားကာ ယခုနှစ်တွင်လည်း Solar mini - grid လျှပ်စစ်ဓာတ်အားပေး စက်ရုံပေါင်း ၁၀၀ ခန့် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က The Daily Eleven သတင်းစာကို ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင် ပြီး ကျေးလက်ဒေသ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် Solar mini - grid လျှပ်စစ်စက်ရုံများ အစိုးရက အကောင်အထည်ဖော်ပေးလျက် ရှိပြီး ပြီးခဲ့သည့်သုံးနှစ် ကျေးရွာပေါင်း ၈၅ ရွာ တွင် Solar mini - grid လျှပ်စစ်ဓာတ်ပေးစက်ရုံများ အကောင်အထည်ဖော်ပေးခဲ့ပြီး လက်ရှိနှစ်တွင်လည်း ယင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀၀ ခန့် အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းထားကြောင်း သတင်း ရရှိသည်။

“ကျေးရွာ ပေါင်း ၈၅ ရွာမှာ Solar mini - grid လျှပ်စစ်ဓာတ်ပေးစက်ရုံတွေ အကောင် အထည်ဖော်ထားပါတယ်။ အခုနှစ်မှာလည်း ကျေးရွာပေါင်း ၁၀၀ လောက်မှာ အကောင် အထည်ဖော်နိုင်ဖို့ရည်မှန်းထားပါတယ်။ သို့ သော်လည်း တင်ဒါလုပ်ငန်းလိုတော့ မှန်းရ ခက်တယ်။ တင်ဒါလုပ်ငန်းက တင်ဒါခေါ်ပြီး လုပ်လို့ရတယ်။ ဒီလုပ်ငန်းကကျတော့ ပရိုပိုဇယ် တင်ရတာပါ။ ဒါကတော့ mini - grid နဲ့လုပ်တာပေါ့။ ဆိုလာဟောင်း စနစ်ကတော့ တစ်နှစ်ကို ကျေးရွာပေါင်း ၁၅၀၀ ကနေ၂၀၀၀ လောက်မှာလုပ်တယ်။အိမ်ခြေပေါင်း တစ်နှစ်ကို တစ်သိန်းနဲ့ တစ် သိန်းခွဲကြားမှာ လုပ်ခဲ့ပါတယ်။ သုံးနှစ်ရှိပြီ ဆိုတော့ စုစုပေါင်း အိမ်ခြေသုံးသိန်းကျော် လောက်ရှိပြီပေါ့။ မဟာဓာတ်အားလိုင်းပြင်ပ မီးလင်းရေးစီမံကိန်းအတွက် ကမ္ဘာဘဏ် ချေးငွေက သန်း ၉၀ ပါ။ သုံးနှစ်ပြီးသွားတဲ့အ ထိတော့ ဆိုလာဟောင်းစနစ်ကော mini - grid ကော ၆၈ သန်းလောက် သုံးပြီးပါပြီ။ ကျန်တဲ့ဟာကတော့ နောက်နှစ်နှစ်အတွက် ဆက်သုံးမှာပါ” ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။

အဆိုပါ ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးအတွက် ဆိုလာဟောင်းစနစ်တွင် ကျေးလက်နေ ပြည်သူများက ကုန်ကျငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် ထည့်ဝင်ရပြီး ဆိုလာမီနီဂရစ်စနစ်တွင် ကျေးလက်နေ ပြည်သူများက ရာခိုင်နှုန်း ၂၀ ထည့်ဝင်ရကြောင်း သိရသည်။

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အိမ်တိုင်း လျှပ်စစ်မီးရရှိနိုင်ရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အားလိုင်းအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရနိုင်ရေးအပြင် မဟာဓာတ်အားလိုင်းပြင်ပ ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်ကလည်း မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာတွင် ကျေးလက်နေပြည်သူ အပါအဝင် အစိုးရနှင့် ကုမ္ပဏီပူးပေါင်း၍ ဒေါ်လာ ၇ ဒသမ ၈ သန်းကျော် အကုန်အကျခံကာ  Solar mini - grid လျှပ်စစ်ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိ သည်။


READ NEXT
Cancel OK