အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို သြဂုတ် ၁၉ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၂၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဟောင်း ဦးကြည်လှိုင်အား စစ်ဆေးခဲ့ပြီး ယခင်စစ်ဆေးခဲ့သည့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များနှင့် ကွဲလွဲမှုများရှိကြောင်း သိရသည်။
တရားခွင်စတင်ချိန်၌ ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းရှိ မြေကွက်နှစ်ကွက်အား ခြံစည်းရိုး တည်ဆောက်ပေးခဲ့သူ တရားလိုပြသက်သေ အင်ဂျင်နီယာ ဒေါ်မိမိစံအား ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) နှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ပြန်လှန်စစ်မေးခဲ့ကြောင်း သိရသည်။
“ဒီနေ ့၂၀၁၉ ခုနှစ် သြဂုတ် ၁၉ ရက်နေ့ရုံးချိန်းမှာ တနသာင်္ရီတိုင်းဒေသကြီးလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် (၁/၂၀၁၉)အမှုက တရားလိုပြသက်သေ အင်ဂျင်နီယာ ဒေါ်မိမိစံကို စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉)၊ (၃/၂၀၁၉)နဲ ့(၄/ ၂၀၁၉) အမှုတွေက တရားလိုပြသက်သေ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ကို စစ်ဆေးခဲ့ပါတယ်။ မနက်ဖန် သြဂုတ် ၂၀ ရက်နေ့ကို ရုံးချိန်းပြန်လည် ချိန်းဆိုထားပါတယ်” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။
တရားလိုပြသက်သေ အင်ဂျင်နီယာ ဒေါ်မိမိစံအား ရာဇဝတ်ကြီး အမှုအမှတ် (၁/ ၂၀၁၉) နှင့်ပတ်သက်၍ စစ်ဆေးပြီးနောက် ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉)၊ (၃/ ၂၀၁၉) နှင့် (၄/၂၀၁၉)အမှုများအတွက် တရားလိုပြသက်သေ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ကို စစ်ဆေးခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် တရားခွင်ကို ရပ်နားခဲ့သည်။ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉)၊ (၃/၂၀၁၉)နှင့် (၄/ ၂၀၁၉) အမှုများမှ တရားလိုပြသက်သေ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ကို စစ်ဆေးရာတွင် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီကို ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကို ဝန်ကြီးချုပ်ထံ တင်ပြရကာ ဝန်ကြီးချုပ်က တင်ပြသည့်အပေါ် လိုအပ်ချက်များရှိပါက ညွှန်ကြားမှုများရှိသကဲ့သို့ ဝန်ကြီးချုပ်ကိုယ်တိုင် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ရှိကြောင်း၊ တည်/ကော် ကော်မတီအအနေဖြင့် ထားဝယ်လေယာဉ်ကွင်းရှိ F-22 Sunny ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ခြင်းများအပေါ် BP၊ BQ၊ Estimate ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်း မရှိကြောင်းနှင့် သစ်ပင်ချုံနွယ်များ ရှင်းလင်းမှုအပေါ် သေသေသပ်သပ် ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် လေယာဉ်ကွင်း ပြေးလမ်းများနှင့် သစ်ပင်ချုံနွယ်များ ငြိတွယ်ခြင်းရှိ၊ မရှိကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဥပဒေအရာရှိ၏ မေးမြန်းမှုကို ထွက်ဆိုသည်။
ထို့ပြင် တရားခံပြရှေ့နေက မေးမြန်းရာ၌ ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း၊ အုတ်ခြံစည်းရိုး ခတ်ခြင်းနှင့် လေဆိပ်ပြုပြင်ခြင်းလုပ်ငန်း သုံးခုကို ကျပ်သိန်း ၄၀၀၀ ဖြင့်ဆောင်ရွက်ရန် ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်တွင်ပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၇)၌ ဆုံးဖြတ်ချက်အပိုဒ် ၄၁ အရ ဆုံးဖြတ်ခဲ့သည်မှာမှန်ကြောင်း ဦးကြည်လှိုင်က ထွက်ဆိုခဲ့သည်။ တရားလိုပြသက်သေ ဦးကြည်လှိုင်အား နှစ်ဖက်ရှေ့နေများက မေးမြန်းပြီးနောက် တရားသူကြီးက ဆက်လက်မေးမြန်းခဲ့ရာ F-22 Sunny ကုမ္ပဏီက ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့်လုပ်ငန်းကို စတင်လုပ်ကိုင်ရန် မည်သည့်အချိန်က ပေးခဲ့ကြောင်း၊ တည်/ ကော်ဥက္ကဋ္ဌအနေဖြင့် လုပ်ငန်းစစ်ဆေးရာတွင်လည်း လေယာဉ်ကွင်းချုံရှင်းသည့် လုပ်ငန်းကို တင်ဒါမခေါ်ဘဲ F-22 Sunny ကုမ္ပဏီထံ လုပ်ခွင့်ပေးခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်တွင် လေယာဉ်ကွင်းလုပ်ငန်း သုံးခုအား လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပြီး F-22 Sunny ကုမ္ပဏီက ချုံရှင်းသည့်လုပ်ငန်း တစ်ခုကိုသာ မည်သည့်အကြောင်းကြောင့် လုပ်ကိုင်ခဲ့သည် ဆိုသည်ကို သိပါသလားဟု မေးမြန်းမှုအပေါ် ဦးကြည်လှိုင်က မသိပါဟု ထွက်ဆိုခဲ့သည်။ ယင်းအပြင် ထားဝယ် လေယာဉ်ကွင်း၌ လုပ်ကိုင်ခွင့်ပေးရာတွင် F-22 Sunny ကုမ္ပဏီက ဆောင်ရွက်မည့် နှုန်းထားမှာ ဒေသပေါက်စျေးထက် လျော့နည်း၍ ခွင့်ပြုခဲ့သည်ဟု ထွက်ဆိုထားသည့်အတွက် ဒေသပေါက်စျေးမှာ မည်သည့်အပေါ် အခြေခံတွက်ချက် သနည်းဟု မေးမြန်းရာ ဒေသပေါက်စျေးကို အစိုးရအဖွဲ့တွင် သတ် ှတ်စာရင်းဖြင့် ထားရှိကြောင်း ဦးကြည်လှိုင်က ထွက်ဆိုခဲ့သည်။ တိုင်းဒေသကြီး အစိုးရနှင့် GGS ကုမ္ပဏီအကြား ချုပ်ဆိုသည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရေး စာချုပ်နှင့် ပတ်သက်၍ စာချုပ်တွင် လက်မှတ်ရေးထိုးရန် ၎င်းထံသို ့ရောက်ရှိလာချိန်၌ စာချုပ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏတို့ လက်မှတ် ရေးထိုးထားပြီးဖြစ်၍ ၎င်းလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ဦးကြည်လှိုင်က ထွက်ဆိုခဲ့သည်။ ဦးကြည်လှိုင်၏ ထွက်ဆိုမှုမှာ ရှေ့ကထွက်ဆိုသွားပြီးဖြစ်သည့် တရားလိုပြသက်သေ၏ ထွက်ဆိုချက်နှင့် ကွဲလွဲမှုများရှိနေပြီး ပြီးခဲ့သည့်ဇူလိုင် ၁၁ ရက်နေ့ ၁၉ ကြိမ်မြောက် ရုံးချိန်း၌ ွွှ ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးဝင်းရှိန်ကို တရားလိုရှေ့နေက စစ်မေးခဲ့စဉ်က ၎င်းအနေဖြင့် ယင်းစာချုပ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်မှ လုပ်ကိုင်ခွင့်ပြုသူနေရာ၌ လက်မှတ်ရေးထိုးခဲ့ရပြီး ထိုသို့ ရေးထိုးခဲ့ခြင်းမှာ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးအနေဖြင့် လုပ်ထုံးလုပ်နည်းအရ ရေးထိုးခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏတို့ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ ရုံးခန်း၌ လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းလက်မှတ်ထိုးသည့်နေ့တွင် ရုံးခန်းသို့ လက်ထောက်ညွန်ကြားရေးမှူး တစ်ဦးမှ လာရောက် လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ စာချုပ်ကိုကြည့်ရာ ဝန်ကြီးနှင့် အင်ဂျင်နီယာမှူးကြီးတို့ လက်မှတ်ရေးထိုးထားပြီးဖြစ်၍ မှန်ကန်မှုရှိသည်ဟု ယူဆ၍၎င်းမှာ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ နောက်ဆုံး လက်မှတ်ရေးထိုးသူဖြစ်ပြီး လက်မှတ်ရေးထိုးစဉ် GGS ကုမ္ပဏီဘက်မှ ပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးပြီးဖြစ်ကာ ကုမ္ပဏီဘက်က နောက်ဆုံးလက်မှတ်ရေးထိုးသူ (Andrew Lee) ကို မသိရှိကြောင်း ထွက်ဆိုထားခဲ့သည်။
ထို့ပြင် ဦးဝင်းရှိန်က ၎င်းအနေဖြင့် စာချုပ်ပါ အချက်အလက်များကို သေချာစွာ ဖတ်ရှုခဲ့ရခြင်း မရှိကြောင်းနှင့် တာဝန်ရှိပုဂ္ဂိိုလ်များ လက်မှတ်ရေးထိုးပြီးဖြစ်၍ လက်မှတ်ရေးထိုး ပေးခဲ့ခြင်းဖြစ်ကြောင်း၊ GGS ကုမ္ပဏီနှင့် စာချုပ်မချုပ်ဆိုမီ တိုင်းဒေသကြီး ဥပဒေရုံးထံ တရားဝင်စာဖြင့် အကြံဉာဏ် တောင်းခံခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားခဲ့သည်။
ယင်းအပြင် သြဂုတ် ၅ ရက်က ပြုလုပ်သည့် ၂၃ ကြိမ်မြောက် ရုံးချိန်း၌လည်း ကျပ်သိန်း ၄၀၀၀ ကုန်ကျခဲ့သည့် ထားဝယ်လေယာဉ်ကွင်း ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းအတွက် F-22 Sunny ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးရာ၌ စာချုပ်မချုပ်ဆိုမီ စာချုပ်မူကြမ်း၌ လုပ်ငန်းသုံးခု ပါဝင်သော်လည်း စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းတစ်ခုတည်းသာ ပါရှိလာကြောင်း တရားလိုပြသက်သေဖြစ်သည့် တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းက တရားခွင်၌ ထွက်ဆိုခဲ့သည်ဟု သိရသည်။
၂၅ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးနေစဉ် တရားခွင်အတွင်း တရားခံဘက်မှ ရှေ့နေများနှင့် တရားခံ၊ တရားခံ မိသားစုဝင်များ စကားသံ ကျယ်လောင်စွာ တီးတိုးပြောဆိုမှုအပေါ် တရားသူကြီးက အသံတိုးရန် သတိပေးခဲ့သည်။
ဦးကြည်လှိုင်မှာ ပုလောမဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
