Air KBZ လေကြောင်းလိုင်းမှ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအတွက် ထပ်တိုးဝန်ဆောင်မှု ပေးနေသည့် လေကြောင်းခရီးစဉ်များအပေါ် သတ်မှတ်စျေးနှုန်းထက် မြင့်မားစွာ ရောင်းချနေသော လက်မှတ်ရောင်းသူများအား အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းရရှိသည်။
Air KBZ လေကြောင်းလိုင်းအနေဖြင့် လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသော အခြေအနေများကြောင့် သီပေါ၊ လားရှိုးမြို့တွင် ရှိနေသည့် ခရီးသွားများ သွားလာရေး အဆင်ပြေစေရန် ရန်ကုန်-လားရှိုး-ရန်ကုန်၊ မန္တလေး-လားရှိုး-မန္တလေး ခရီးစဉ်များကို ထပ်မံတိုးချဲ့ ပျံသန်းပေးနေခြင်းဖြစ်သည်။
အဆိုပါ ထပ်တိုးခရီးစဉ်များကို သြဂုတ် ၁၇ ရက်မှ ၂၅ ရက်အတွင်း လားရှိုးမှ ရန်ကုန်သို့ နေ့စဉ်တစ်ရက်လျှင် တစ်ကြိမ်၊ လားရှိုးမှ မန္တလေးသို့ နေ့စဉ်တစ်ရက်လျှင် နှစ်ကြိမ်နှင့် လားရှိုးမှ ဟဲဟိုးသို့လည်း နေ့စဉ်တစ်ရက်လျှင် တစ်ကြိမ် ပျံသန်းနေခြင်းဖြစ်သည်။
ယင်းသို့ထပ်တိုး ပျံသန်းနေသည့် လားရှိုးမှ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုးအကြား လေယာဉ်လက်မှတ်များကို သတ်မှတ်စျေးနှုန်းများထက် မြင့်မားစွာ ရောင်းချပေးနေကြောင်း တွေ့ရပြီး Air KBZ လေကြောင်းလိုင်းမှ တရားဝင် သတ်မှတ်ထားသော အရောင်းကိုယ်စားလှယ်များမှအပ လက်မှတ်များအား စျေးကြီးစွာဖြင့် ရောင်းချနေသော လက်မှတ်ရောင်းသူများအား အရေးယူမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
Air KBZ လေကြောင်းလိုင်း၏ တရားဝင် သတ်မှတ်ရောင်းချနေသော လက်မှတ်စျေးနှုန်းများမှာ လားရှိုးမှ ရန်ကုန်သို့ 77 USD မှ 95 USD အတွင်းရောင်းချပေးနေပြီး လားရှိုးမှ မန္တလေးသို့ 50 USD မှ 60 USD၊ လားရှိုးမှ ဟဲဟိုးသို့ 45 USD မှ 50 USD အတွင်းရောင်းချပေးနေခြင်းဖြစ်ပြီး မြန်မာကျပ်ငွေနှင့် ဝယ်ယူလိုပါက 1 USD လျှင် မြန်မာကျပ် ၁၅၁၅ ဖြင့်ရောင်းချပေးနေကြောင်း သိရသည်။
Air KBZ လေကြောင်းလိုင်းမှ ATR 72 လေယာဉ်များဖြင့် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် အခြေပြုလျက် ပြည်တွင်းခရီးစဉ်များဖြစ်သည့် နေပြည်တော်၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီလိတ်၊ လားရှိုး၊ လွိုင်ကော်၊ ကလေး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့များသို့ ခရီးစဉ်များ တိုးချဲ့ပျံသန်းနေပြီး မကြာမီ အိမ်နီးချင်း ပြည်ပနိုင်ငံများသို့ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
Air KBZ လေကြောင်းလိုင်းသည် ယခုနှစ်တွင် လေယာဉ်အစီးရေ နှစ်ဆအထိ တိုးမြှင့်ပြီး စျေးကွက်ဝေစု ၁၅ ရာခိုင်နှုန်း ထပ်မံတိုးတက်ရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း Chief Operation Officer (COO) ဦးကျော်ဟန်က ပြောကြားထားသည်။
Air KBZ လေကြောင်းလိုင်းသည် လက်ရှိတွင် ATR 72-600 ရှစ်စီးဖြင့် ပြည်တွင်းခရီးစဉ် ၁၃ ခုအား ပြေးဆွဲနေခြင်းဖြစ်သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တား ခရီးစဉ်များကို A319 လေယာဉ်သုံးစီးဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
