Top News

နည်းပညာနှင့်အတူ အမုန်းစကားများ၊ မမြင်အပ်၊ မကြားအပ်သော ကိစ္စများလည်း ပူးတွဲပါဝင်လာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကောင်းသည့်ဘက်မှ အကျိုးရှိစွာ သင်ယူနိုင်ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | December 3, 2024 11:12 AM CST

နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ အမုန်းစကားများ၊ မမြင်အပ်၊ မကြားအပ်သော ကိစ္စများလည်း ပူးတွဲပါဝင်လာသည့် အတွက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကောင်းသည့်ဘက်မှ အကျိုးရှိစွာ သင်ယူလေ့လာနိုင်ရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

သြဂုတ် ၁၉ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ တယ်လီနောမြန်မာနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ၌ ဘေးကင်းလုံခြုံသော ဒစ်ဂျယ်တယ်နည်းပညာ အွန်လိုင်း အသုံးပြုမှုစီမံကိန်း အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ အမုန်းစကားတွေကလည်း ကျောင်းသားကျောင်းသူ လူငယ်တွေ မသိသင့်၊ မမြင်သင့်၊ မကြားသင့်တာတွေကလည်းဘဲ ဒီနည်းပညာတွေမှာ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ဒီဟာတွေသည် ကိုယ့်ဘဝအတွက် အကောင်းဆုံးဖြစ်အောင် ဒါတွေကို သင်ယူနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကောင်းတဲ့ဘက်က သင်ယူလေ့လာမယ်ဆိုရင် ဒီအွန်လိုင်းတို့ အင်တာနက်တို့ အပေါ်မှာလည်း ကိုယ်သင်ယူ လေ့လာတာတွေအတွက် အခွင့်အလမ်းတွေဟာ အများကြီးရှိပါတယ်။ ဒါတွေနဲ့အတူတူ တစ်ဖက်မှာလည်းပဲ မကောင်းတာတွေကို ကြံ့ကြံ့ခံပြီး လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်မှ မစမ်းဖို့အတွက် အရေးကြီးတယ်။ ကိုယ့်ရဲ့အာရုံကို ကိုယ်ဦးတည်တာပဲ သွားဖို့အတွက် အင်မတန် အရေးကြီးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆက်လက်၍ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနသည် လူမျိုး စိတ်မဝင်စားဘူး။ ဘာသာ စိတ်မဝင်စားဘူး။ သန်စွမ်းတာ၊ မသန်စွမ်းတာ၊ ကျေးလက်နေတာ၊ မြို့ပြနေတာ၊ အခုဆိုရင် ကျား/မ တောင် ဘာမှမခွဲခြားဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒသည် ဘာလဲဆိုတော့ ခွဲခြားမှုမရှိဘူး။ ခွဲခြားမှုမရှိဘူး ဆိုတာသည် မညီမျှဘူးဆိုတာ မရှိအောင် တရားမျှတစွာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနမှ လိုအပ်ချက်သည် အင်မတန်မှ များပြားပါတယ်။ လိုအပ်ချက် များပြားတယ်ဆိုတာ နှစ်ပေါင်းများစွာ ဆရာ၊ ဆရာမများသည် မြေဖြူဖိုးတောင် ရလာခဲ့တာ မဟုတ်ဘူး။ အဲဒီအတွက် အခုမှ ကျွန်တော်တို့က စတင်ပြီးတော့ ကျောင်းတွေရဲ့ လိုအပ်ချက်တွေအရ ဆရာ၊ ဆရာမလိုတာတွေ၊ ကျောင်းဆောင် လိုတာတွေ၊ စာကြည့်တိုက် လိုတာတွေကို ဖြည့်ဆည်းပေးဖို့အတွက် စတင်နေဆဲကာလ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အခြေခံကျသည့် ICT ပစ္စည်းများကို ထောက်ပံ့ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနကနေ အထက်တန်းကျောင်းများကို ကွန်ပျူတာများ ဖြန့်ဝေပေးရန် စီမံဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 


READ NEXT
Cancel OK