အဝေးသင် တက်ရောက်ချိန် လစာဖြတ်တောက်ခြင်းများ ရပ်တန့်ပေးရန် ပါဝင်သော အချက် သုံးချက်အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို မန္တလေးပညာရေးကောလိပ်ရှိ ကျောင်းသားကျောင်းသူများက သြဂုတ် ၁၉ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ပညာရေးကောလိပ် ကော်မတီကပဲ ဦးဆောင်ပြီး စတင်လှုပ်ရှားတာပါ။ ဒီကနေ့မှာဆိုရင် မန္တလေးနဲ့ မုံရွာစတယ်။ နောက်ရက်တွေမှာတော့ တခြားကောလိပ်တွေမှာ စတင်ပါမယ်။ ခုလိုဖဲကြိုးစိမ်း လှုပ်ရှားမှုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ B.A(Edu) ၊ B.Sc (Edu) နှစ်နှစ် စာပေးစာယူတက်ဖို့ ဒီကျောင်းမှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်။ အဲဒီဖွင့်လှစ်ဖို့အတွက် ပွင့်လင်းမြင်သာစွာ လူဦးရေ ဘယ်လောက်ခေါ်မလဲ။ ဘယ်လို ကန့်သတ်ခေါ်မလဲစတဲ့ တိကျတဲ့မူဝါဒတွေ မရှိသေးတာ၊ မချမှတ်သေးတာတွေအတွက် တောင်းဆိုသွားမယ်။ အခြေခံပညာကနေမှ အဝေးသင် တက်ရောက်တဲ့အချိန် ခွင့်ကို လုံလုံလောက်လောက် မပေးပါဘူး။ အဝေးသင်ပညာ ဆက်လက်သင်ကြားတဲ့အခါ လစာဖြတ်မှုတွေ ရှိတယ်ခင်ဗျ။ ဒါတွေကို စိစစ်ပြီး ဝန်ကြီးဌာနကို တောင်းဆိုခဲ့ပေမယ့် တစုံတရာတုံ့ပြန်ခဲ့ခြင်း မရှိဘူး။ နောက်ပြီး ပညာရေးကောလိပ်တွေမှာ ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်မှုတွေ ရှိနေပါတယ်။ ခရီးသွားခွင့်ပိတ်တာတို့၊ အစည်းအဝေးလာခွင့် ပိတ်တာတို့တွေ ပြုလုပ်နေတာ ရှိပါတယ်။ ကျောင်းသားတွေနဲ့ ကျွန်တော်တို့ သမဂ္ဂတွေနဲ့ကို ခွဲခြားပြီး ဆက်ဆံမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုလိုတောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂမှ ပြင်ပဆက်ဆံရေး ကိုညီညီဇင်က ကမ်ပိန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
အဝေးသင်တက်ရောက်ရာတွင် တိကျ လုံလောက်သောခွင့် ကာလသတ်မှတ်ပေး ရန်၊ တစ်လ (သို့မဟုတ်) တစ်လခွဲအချိန်ကာလ များရရှိရန်၊ အဝေးသင်တက်ခွင့်ပြုရန်၊ တက် ရောက်နေသည့်ကာလများတွင် လစာဖြတ်မှု မရှိစေရန် ကျောင်းသားများမှ လိုလား ကြောင်း၊ B.A(Edu) ၊ B.Sc (Edu) နှင့် ပတ် သက်၍တိကျသောအစီအစဉ်များ၊ ဘွဲ့အ ရည်အသွေးအာမခံမှုများ၊ တက်ရောက်ရမည့် ကာလ၊ သင်တန်းအချိန်၊ လူဦးရေ၊ မည်သို့ ခေါ်မည်တို့ကို လည်းကောင်း၊ မည်သို့ကန့်သတ်ခေါ်မည်ကို လည်းကောင်း၊ တိကျစွာသိရန် လိုလားကြောင်းနှင့် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများနှင့် ကိုယ်စားပြုကော်မတီသည် လွတ်လပ်စွာ ကျောင်းသာထုဘက်မှ ရပ်တည်လှုပ်ရှားရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများနှင့် အခြေခံပညာရှိ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီဝင်များအပေါ် ဖိနှိပ်မှုများရှိသည့်အတွက် ရပ်တန့်ပေးရန်နှင့် ထပ်မံ မပြုလုပ်ပေးရန် လိုလားကြောင်း စသည်တို့အတွက် ယခုကဲ့သို့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကျောင်းသားများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
