Top News

ဂုတ်တွင်းတံတား တည်ဆောက်နေမှု ယနေ့ပြီးစီးနိုင်မည်ဟု ခန့်မှန်းရပြီး တံတား ခံနိုင်ဝန်အား စမ်းသပ်၍ သတ်မှတ်ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်
24htopnews | December 3, 2024 11:12 AM CST

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်း ဘေလီတံတား တည်ဆောက်နေမှု ယနေ့ ပြီးစီးနိုင်မည်ဟု ခန့်မှန်းရပြီး တံတားခံနိုင်ဝန်အား စမ်းသပ်၍ သတ်မှတ်ယာဉ်များအား စတင်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

လမ်းအခြေအနေကတော့ နောင်ချိုဘက်အခြမ်း ချဉ်းကပ်လမ်းကို လုပ်နေပါတယ်။ မွန်းလွဲပိုင်းလောက်တော့ လမ်းပြန်ပွင့်နိုင်မယ် ခန့်မှန်းရပါတယ်။ တံတားပြီးစီးလို့ ယာဉ်ဖြတ်သန်းနိုင်မယ့် ကန့်သတ် တန်ချိန်ကတော့ မသိရသေးပါဘူး။ တာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ ဟု Oriental Highways ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြောသည်။

တံတားက ဒီနေ့ မနက်ပိုင်းအချိန်ထိတော့ မပြီးသေးပါဘူး။ ဖြတ်သန်းခွင့်ပြုမယ့် ယာဉ်အမျိုးအစားတွေကတော့ ဆောက်လုပ်ရေးက တံတားခံနိုင်ဝန်ကို စမ်းသပ်ပြီး ဘယ်နှစ်တန်အောက် ယာဉ်ကို လွှတ်လို့ရပြီလို့ ကျွန်တော်တို့ကိုပြောမှ ကျွန်တော်တို့က သိရမှာပါ။ အဲ့ဒီအချိန်ကျမှ ကျွန်တော်တို့က ယာဉ်တွေကို စိစစ်ပြီးမှ လွှတ်ပေးမှာ ဖြစ်ပါတယ် ဟု ကျောက်မဲမြို့ အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကျော်ကျော်ထွန်း ကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းဘေလီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား အင်အား (၂၀၀)ကျော် ၊ Oriental Highways ကုမ္ပဏီမှ အင်ဂျင်နီယာများက စက်/ယာဉ် ယန္တရားများဖြင့် နေ့/ညမပြတ် ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

 


READ NEXT
Cancel OK