တနင်္သာရီမြို့နယ် သကျက်ချောင်းအတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၉၀၀ ကျော်ရှိ ဘိန်းစာမှုန့် ၃၇ အိတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် သော်တာမျိုး ဦးဆောင်သော အဖွဲ့သည် သြဂုတ် ၁၈ ရက်က သကျက်ကျေးရွာအုပ်စု တောင်ဘိန်း (၁) ကျေးရွာ (ဒေသအခေါ် အထက်ကဏန်းကွင်း) သကျက်ချောင်းအတွင်း နယ်မြေသတင်း စုံစမ်းနေစဉ် မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့၍ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
စက်လှေပေါ်တွင် ရှာဖွေရာ ဟိန်းစိုး (မဲတောကျေးရွာနေ) နှင့် အောင်ဇော်ဦး (ပလောက်စုရပ်ကွက် မြိတ်မြို့နယ်နေသူ) တို့ နှစ်ဦးအား တွေ့ရှိရပြီး စက်လှေပေါ်တွင် ဆာလာအိတ်ဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့် ၃၇ အိတ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဒီဘိန်းစာမှုန့်တွေကို တနင်္သာရီမြို့နယ် သကျက်ချောင်းကနေ ကျွန်းစုမြို့နယ် မဲတောရွာကို သယ်ဆောင်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ တရားခံတွေကို ဖမ်းဆီးရမိထားပါပြီ။ ဒါပေမဲ့ သကျက်က ရောင်းချလိုက်တဲ့ ကွင်းဆက်ကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေဆဲပါ” ဟု တနင်္သာရီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောကြားသည်။
ဘိန်းစာမှုန့်များမှာ လေးချိန်အားဖြင့် ၉၆၅ ကီလိုဂရမ် (တစ်ကီလိုဂရမ်လျှင် ကာလပေါက်စျေး တစ်သိန်း) ကာလပေါက်စျေးအားဖြင့် ကျပ် ၉၆၅၀၀၀၀၀ ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘိန်းစာမှုန့်များအား လက်ဝယ်တွေ့ရှိသူ ဟိန်းစိုးနှင့် အောင်ဇော်ဦးတို့အား တနင်္သာရီမြို့မရဲစခန်းက (ပ)၁၇ / ၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
