လူစည်ကားသည့် ရန်ကုန်ဘတ်စ်ကား မှတ်တိုင်များတွင် ငါးပေပတ်လည် စျေးဆိုင်ခန်းများ တည်ဆောက် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ် ၁၉ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် မြို့တော်စည်ပင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ရန်ကုန်ရဲ့မှတ်တိုင်တွေမှာ ဆိုင်ခန်းသေးသေးလေးတွေကို စနစ်တကျပုံစံမျိုးနဲ့ ထားပြီးတော့ ကြက်ခြေနီတွေ၊ ကင်းထောက်ကိုလည်းပေးမယ်။ ပရဟိတအဖွဲ့တွေကို လည်းပေးမယ်။ ပေးမယ်ဆိုပြီး လျာထားတာပေါ့။ ကွမ်းယာဆိုင်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဘာတွေရောင်းရောင်းပေ့ါလေ။ ကွမ်းယာနဲ့ ဆေးလိပ်ကိုတော့ ပေးမရောင်းဘူး။ အားသွင်းဖို့အတွက် ဘောက်လေးတွေလည်း ထည့်ပေးထားမယ်။ အဲဒီနေရာမှာ Free WiFi ဟာမျိုးလည်း လွှင့်ပေးမယ်။ လုပ်ချင်တဲ့သူတွေများတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ဘတ်စ်ကားမှတ်တိုင်တွင် တည်ဆောက်မည့် ဆိုင်ခန်းအား ရန်ကုန်တိုင်းလွှတ်တော် မျက်နှာချင်းဆိုင် မြေနီကုန်း မှတ်တိုင်အနီး ငါးပေပတ်လည် ဆိုင်ခန်းများအား နမူနာ ချပြထားကြောင်း၊ အဆိုပါ ဆိုင်ခန်းတွင် ဆေးလိပ်၊ ကွမ်းယာများ ရောင်းချခွင့် ရှိမည်မဟုတ်ဘဲ၊ ငွေဖြည့်ကတ်များ၊ အစာပြေစားနိုင်ရန် မုန့်များ ရောင်းချနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။
“အဲဒီဆိုင်တွေက စိတ်ဝင်စားတဲ့သူပေါ့။ ကြက်ခြေနီ၊ ကင်းထောက်၊ ပရဟိတ အဖွဲ့တွေတင် မကပါဘူး။ စိတ်ဝင်စားတဲ့သူတွေ ဖွင့်မယ်ဆို ငှားပါ့မယ်။ အဲဒီဆိုင်လေး တစ်ဆိုင်က သိန်း ၂၀ လောက်တော့ ကျပါတယ်။ ငှားမယ်ဆို လျှောက်လို့ရပါတယ်။ အရေအတွက် ကန့်သတ်ချက်တော့ မရှိပါဘူး။ နောက်သုံးလေးလနေရင် YBS စီးရင် ပိုက်ဆံထည့်တာအစား ကတ်ပြားကို လွယ်လွယ်ကူကူ ဝယ်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ်” ဟု ဒေါ်မေမေသွယ်က ပြောကြားသည်။
အဆိုပါဆိုင်များအား ဘတ်စ်ကားမှတ်တိုင်ဘေး စည်ပင်သာယာ လူသွားလမ်းပေါ်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ဆိုင်အကျယ်အဝန်း ငါးပေပတ်လည် ထားလို့ရသည့် နေရာများတွင်သာ ထားရှိမည်ဖြစ်ပြီး လူအတက် အဆင်းများသည့် နေရာမျိုးတွင်သာ ထားရှိမည်ဖြစ်ကြောင်း ဒေါ်မေမေသွယ်က ပြောကြားသည်။
“လိုင်းများများလဲရှိမယ်။ လူအတက်အဆင်း များများရှိမယ့် နေရာမျိုးမှာလုပ်ဖို့ ရှိပါတယ်။ ၂၄ နာရီဖွင့်ဖို့ အထိတော့ မစဉ်းစားထားပါဘူး။ ငှားတဲ့သူ ဖွင့်နိုင်သလောက်ပဲဖွင့်ဖို့ စဉ်းစားထားတယ်” ဟု ဒေါ်မေမေသွယ်က ပြောကြားသည်။
ဘတ်စ်ကားမှတ်တိုင် အနီးတွင် စျေးဆိုင်ခန်းဖွင့်လှစ်ရန် မြေငှားရမ်းခနှင့် ပတ်သက်ပြီး တိတိကျကျ မသတ်မှတ်ရသေးကြောင်း ဒေါ်မေမေသွယ်က ပြောကြားသည်။
ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၁၈၀၀ ကျော်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
