မွန်ပြည်နယ်တွင် မိုးကြီးကာလ သြဂုတ် ၁၅ ရက်အထိ မိုးစပါး စိုက်ပြီးဧက ၅၇၀၀၀၀ ကျော်တွင် ရေကြီးနစ်မြုပ်သည့် ဧက ၈၇၀၀၀ ကျော်ရှိခဲ့ပြီး ရေကျ၍ ဧက ၅၀၀၀၀ ကျော် ပြန်ပေါ်နေပြီ ဖြစ်ကာ ရေကျနှေးသည့် ကျိုက်မရောမြို့နယ်တွင် ဧက ၂၀၀၀၀ ကျော် ပြန်ပေါ်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“သြဂုတ်လဆန်းကနေ သြဂုတ် ၁၅ ရက်ထိ မိုးစပါး လျာထားတဲ့ စိုက်ဧက ၆၉၀၀၀၀ ကျော်၊ စိုက်ပြီးဧက ၅၇၀၀၀၀ မှာ ၈၇၀၂၈ ဧက ရေမြုပ်ခဲ့တယ်။ ရေကျပြီး ပြန်ပေါ်တာ ၅၀၇၄၂ ဧကဖြစ်ပြီး ထိခိုက်တာက ၅၂၈၃ ဧက၊ ပျက်စီးတာ ၂၀၉ ဧက ရှိပါတယ်။ ရေကျနှေးတဲ့ ကျိုက်မရောမှာတော့ မြုပ်တဲ့ ၂၀၃၆၆ ဧကက ပြန်မပေါ်နိုင်သေးပါဘူး။ ဒီနေ့ (သြ ဂုတ် ၁၉ ရက်) မနက်ပိုင်းထိ စာရင်း မရရှိသေးပါဘူး”ဟု မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကမ်းရှိ မက္ကရိုရွာနေ နိုင်ထွန်းကြည်က ယခုနှစ်ရေသည် ယခင်နှစ်ထက် နှစ်ဆခန့် မြင့်တက်နေပြီး လယ်ကွင်းများ ပြန်မပေါ်သေးကြောင်း၊ ယနေ့ (သြဂုတ် ၁၉ ရက်) တွင် ရေပြန်ကျသွားသော်လည်း ရွာအမြင့်ပိုင်းတွင် ဒူးခေါင်းလောက် ရေရှိနေသေးရာ လှေဖြင့် သွားလာနေရဆဲဖြစ်ပြီး လတ်တရော မိုးရွာနေဆဲ ဖြစ်ကြောင်း၊ ရေပြန်ကျမှုရက်ကိုမူ မခန့်မှန်းနိုင်ဘဲ မိုးရွာသွန်းမှု အနည်းအများပေါ် မူတည်နေကြောင်း ပြောကြားသည်။
ယခုနှစ် ကျိုက်မရောမြို့နယ်တွင် မိုးစပါး လျာထား ၄၉၇၅၃ ဧကတွင် စိုက်ပျိုးပြီး ဧက ၃၄၁၉၉ အနက် လက်ရှိ ရေမြုပ်ဧကမှာ ၂၀၃၆၆ ဧကရှိ နေရာ ယခင်နှစ် ဧက ၇၀၀၀ ထက် နှစ်ဆပိုနေကြောင်း၊ ကျိုက်မရော အတ္ထရံမြစ်ရေမှတ်သည် ၄၈၃ စင်တီမီတာတွင် ရှိနေရာ ပျက်စီးထိခိုက်မည့် ဧကကို မသိနိုင်သေးကြောင်း၊ လတ်တလော မျိုးစပါးလှူဒါန်းသူ မရှိသေးသော်လည်း လှူဒါန်းလိုပါက ကျိုက်မရော ရေဘေးကွပ်ကဲရေးရုံးနှင့် စိုက်ပျိုးရေးဌာနသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ဆိုသည်။
ကျိုက်မရောမြို့နယ်တွင်၂၀၁၈ ခုနှစ် ဇူလိုင်၊ သြဂုတ်လများအတွင်း ရေကြီးစဉ်က လယ်ဧက ၇၀၀၀ ကျော် ရေမြုပ်ခဲ့ရာ ပြန်လည်ထူထောင်မှုအတွက် မျိုးစပါးလိုအပ်မှု ကျပ်သိန်း ၁၇၀၀ ရှိခဲ့ကြောင်း၊ ပြည်နယ်အစိုးရက ကျပ်သိန်း တစ်ထောင်ပံ့ပိုးခဲ့ပြီး ကျန်အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် မော်လမြိုင်ခရိုင်၌ ရေကြီးနစ်မြုပ်ခဲ့သည့် စပါးစိုက်ဧက ၆၁၃၇၉ မှ ရေပြန်ပေါ်သည့် စိုက်ဧက ၃၇၀၂၆ ဧကရှိပြီး ပျက်စီးမှု၂၀၉ ဧကရှိကြောင်း၊ သထုံခရိုင်တွင် ရေမြုပ်မှုဧက ၂၅၆၄၉ ဧကမှ ရေပြန်ပေါ်သည့် ဧက၂၇၁၆ ဧကရှိပြီး ပျက်စီးမှုမရှိကြောင်း၊ လတ်တလောတွင် ဆန်ကုန်သည်များအသင်းက ဓာတ်မြေသြဇာများ လှူဒါန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
