မင်္ဂလာဒုံတပ်မြို့စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် Terminal ဆီဆိုင်အား သတ်မှတ်ရက်အတွင်း မဖယ်ရှားသဖြင့် လုံခြုံရေးအရ အုတ်တံတိုင်းခတ် ပိတ်သိမ်းခဲ့ ကြောင်း မင်္ဂလာဒုံတပ်မြို့စည်ပင်သာယာ ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ငွေက စက်တင်ဘာ ၅ ရက်တွင် ပြောကြားသည်။
အဆိုပါက Terminal ဆီဆိုင်သည် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းဘေး၊ ဘီအိုစီမှတ်တိုင်အနီး တပ်မြို့စည်ပင်သာ ယာ ရေးပိုင် ၀ ဒသမ ၃၉ ဧကရှိ မြေကွက်ပေါ် တွင်တည်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းက မြေ ငှားစာချုပ်ကုန်ဆုံးခဲ့ကာ ဆီဆိုင်ကိုဖျက် သိမ်း၍မြေကို မင်္ဂလာဒုံတပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးထံ ပြန်လည်အပ်နှံရန် ကုမ္ပ ဏီဘက်သို့ ၂၀၁၈ ခုနှစ်အတွင်းက အကြိမ် ကြိမ် အကြောင်းကြားခဲ့ကြောင်း သိရသည်။
“အုတ်တံတိုင်းခတ်တာက ၃ရက်နေ့ ညခတ်တယ်။၄ရက်နေ့မှာ ပြီးတယ်။ ပထမ တော့ နည်းနည်းလေးလုပ်တယ်။ ဖယ်မလား ဆိုပြီး သူတို့ကို စောင့်တယ်။ ဒါပေမဲ့ သူတို့က ဆက်လုပ်တယ်။ စီးပွားရေးအတွက် သူတို့ အကျိုးနစ်နာမယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေးအရကြည့်တာ အကျိုးအမြတ် ကြည့်တာမဟုတ်ဘူး။ ကျွန်တော်တို့က နို့ တစ်လည်း ပို့တယ်။ လက်မခံတဲ့အကြောင်းလည်း ပြန်ထားတယ်။ ကျွန်တော်တို့ အကြီးအကဲတွေကအစ ကောင်းကောင်းမွန်မွန် ခေါ်တွေ့တယ်။ ဒါပေမဲ့ သူတို့က မလာဘူး။ အောက်ခြေအဆင့်လောက်ကိုပဲ လွှတ်တယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ နောက်တော့ ဘာဖြစ်လာလဲဆိုတော့ လုံ ခြုံရေး ချိုးဖောက်တဲ့ဟာတွေပေါ့။ ကျွန်တော်တို့က အများအတွက်ပဲကြည့်တယ်။အများပြည်သူ အန္တရာယ်ဖြစ်လာမယ်။နောက် ကာကွယ်ရေးတပ်ရှိတယ်။ အဓိက ဆိုးသွားတာက လုံခြုံရေး ချိုးဖောက်သွား တာပါ”ဟု ဦးကျော်ငွေက ပြောကြားသည်။
စက်သုံးဆိုင်အား ဖယ်ရှားရခြင်းမှာ ဆိုင်အနောက်ဘက်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ရှိခြင်း၊ ဓာတ်အားခွဲရုံရှိ ခြင်း၊ အများပြည်သူဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်းနှင့် လုံခြုံရေးချိုးဖောက်မှုဖြစ်စဉ်ရှိ ခဲ့ခြင်းကြောင့် ဖယ်ရှားရန်အကြောင်းကြားခဲ့သော်လည်း ကုမ္ပဏီဘက်က မဖယ်ရှား သဖြင့် အုတ်တံတိုင်းခတ်ရခြင်းဖြစ်ကြောင်း ဦးကျော်ငွေက ပြောကြားသည်။
အဆိုပါ Terminal ဓာတ်ဆီဆိုင် မြေ နေရာကို ဧရာရွှေဝါကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှ ရောင်းချသော စက်သုံးဆီဆိုင်များအနက်မှ ယင်းဆီဆိုင်မြေနေရာကို ၂၀၁၀ ပြည့်နှစ် အတွင်းဝယ်ယူခဲ့ကာနောက်ပိုင်းတွင်မြေနေရာမှာ မင်္ဂလာဒုံတပ်မြို့ စည် ပင်သာယာရေးအဖွဲ့ပိုင် မြေဖြစ်သဖြင့် ကုမ္ပဏီနှင့် နှစ်ဖက်ညှိနှိုင်း၍အငှားစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မြေနေရာအတွက် ကုမ္ပဏီကပေးသွင်းခဲ့သည့် တန်ဖိုးငွေကိုလည်း စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် တွင်ကုမ္ပဏီသို့ ပြန်ထုတ်ပေးခဲ့ကြောင်း၊ ဆီဆိုင်မှာ သူရဦးရွှေမန်းသား ပိုင်ဆိုင်သည့် ဆိုင်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြေနေရာအား မင်္ဂလာဒုံတပ် မြို့စည်ပင်မှ ကုမ္ပဏီသို့ အငှားချခြင်းကို ၂၀၁၁ ခုနှစ်မှစတင်ကာ တစ်နှစ်တစ်ကြိမ် ဖြင့် ငှားရမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်စာချုပ်ငှားရမ်းခဲ့ပြီး ၂၀၁၇ ခုနှစ်မတ် ၃၁ရက်တွင်မြေငှားစာချုပ် ရက် ပြည့်ခဲ့ကြောင်း၊ ယင်းနောက်ကုမ္ပဏီဘက်မှ မြေနေရာငှားရမ်းပေးရန် ဆက်လက်တင်ပြခဲ့သော်လည်း မင်္ဂလာဒုံတပ်မြို့စည် ပင်ဘက်က လက်မခံခဲ့ကြောင်း ဦးကျော်ငွေ က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
