Top News

Y8 အမျိုးအစား တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်း ခေတ္တရပ်ဆိုင်းထား
24htopnews | December 3, 2024 1:12 PM CST

Y8 အမျိုးအစား တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လက်ရှိအချိန်တွင် လေယာဉ်ဆင်းသက်ခြင်း ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်ခန့်က တပ်မတော်ပိုင် လေယာဉ်တစ်စင်းဖြစ်သည့် Y8 အမျိုးအစားလေယာဉ်မှာ ရန်ကုန်လေဆိပ်အတက်တွင် လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းချော်မှုကြောင့် လေယာဉ်ပြေးလမ်း ရှင်းလင်းချိန် ၃ နာရီခန့်ကြာ အချိန်ယူရဖွယ်ရှိပြီး မွန်းလွဲ ၂ နာရီခန့်တွင်သာ လေယာဉ်ကွင်းကို ပြန်လည်ဖွင့်နိုင်ဖွယ် ရှိသည်ဟု ကနဦးစုံစမ်းသိရသည်။

“နံနက်​ ၁၀ နာရီ ၃၆ မိနစ်​က တပ်​မ​တော်​​လေယာဉ်​ Y8 မှာ ရန်​ကုန်​​လေဆိပ်​က​နေ အတက်​မှာ ဘယ်​ဘက်​ အင်ဂျင်​ Fail ဖြစ်​လို့ ​ပြေးလမ်​းက​နေ ​ချော်​သွားတာပါ။ အဆင်​းကို ခဏပိတ်​ထားတယ်​။ ၃ နာရီ​လောက်တော့ ကြာမယ်​။ ​လေယာဉ်​​တွေ အတက်​ကို​တော့ ​ပေ ၈၀၀၀ အထိ ခွင်​့ပြုထားပါတယ်​” ဟု ​လေ​ကြောင်​းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦးရဲထွဋ်အောင်​​ ကပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များ ပုံမှန်အတိုင်း ထွက်ခွာနိုင်သော်လည်း အဆင်းလေယာဉ်များကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK