နေပြည်တော် ဗစ်တိုးရီးယားအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေး ဦးနှောက်သွေးကြော ပေါက်သဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးသည် ကျန်းမာရေး မကောင်းသောကြောင့် ဆေးကုသခံယူနေရပြီး စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်၍ မန္တလေးမြို့တွင် ကွယ်လွန်သွားကြောင်း နေပြည်တော်ရှိ ရှေ့နေများ၏ ပြောကြားချက်အရ သိရသည်။
“ဆရာက အစကတည်းက ရောဂါရှိတယ်။ ကျန်းမာရေး မကောင်းဘူး။ ဆုံးတာကတော့ ဦးနှောက်သွေးကြော ပေါက်တယ်လို့တော့ ပြောတာပဲ။ ကျွန်မလည်း အတိအကျ မသိဘူး။ မန္တလေးမှာ ဆုံးတာပါ။ ဆရာရဲ့ ကိုယ်ကျင့်တရားကတော့ မှန်မှန်ကန်ကန် လုပ်တဲ့သူပါ။ ဆေးရုံတင်တာ မကြာဘူး။ တက်တက် ဆုံးဆုံး ဖြစ်သွားတာ” ဟု ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသူ အောင်ကြီးဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် ဒေါ်စုဒါလီအောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိသည့် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ နောက်ထပ်စစ်ဆေးမည့် တရားသူကြီးများ အနေဖြင့် ဦးညိုဌေးကဲ့သို့ မှန်ကန်မည်ဟု ယုံကြည်ကြောင်း ဒေါ်စုဒါလီအောင်က ဆက်လက်ပြောကြားသည်။
နေပြည်တော်အတွင်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးစိုးညွန့်သူက “ဆရာ့ဇနီး ဆုံးသွားတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဆရာ့မှာက ရောဂါရှိတယ်။ ဆရာက အမှုစစ်ရင် မထိုင်နိုင်ဘူး။ ဆရာက အမှုစစ်တဲ့အပေါ် မျှမျှတတ ရှိပါတယ်။ အမိန့်တွေချဖို့ သုံးသပ်တာတွေကောင်းတယ်။ အခုဆို ဆရာ့အသက်က ငါးဆယ်ကျော်လောက်ရှိပါပြီ” ဟု ပြောကြားသည်။
ဗစ်တိုးရီးယားအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်နှင့် ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးတို့ နှစ်ဦးက နှစ်ပါးထိုင် တရားခွင်ဖြင့် အမှုကို ကြားနာစစ်ဆေး လျက်ရှိသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ စတင်စစ်ဆေးသည့် ရုံးချိန်းမှစ၍ လေးကြိမ်မြောက် ရုံးချိန်းအထိ အဆိုပါ တရားသူကြီးနှစ်ဦးက တရားခွင်၌ ကြားနားစစ်ဆေး ခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ် ၂၈ ရက် ရုံးချိန်းတွင် ဦးညိုဌေးနေရာတွင် ဒုတိယခရိုင်တရားသူကြီး ဒေါ်သီတာနွယ်က ပြောင်းလဲတာဝန်ယူခဲ့သည်။
ငါးကြိမ်မြောက်ရုံးချိန်း၌ ဦးညိုဌေး နေရာတွင် ဒေါ်သီတာနွယ် ပြောင်းလဲကြားနာမှုနှင့် ပတ်သက်၍ ခရိုင်တရားသူကြီး ဦးတင့်လွင်က ဆရာဦးညိုဌေးသည် ကျန်းမာရေး မကောင်းသဖြင့် ၎င်းနေရာတွင် ဒေါ်သီတာနွယ်က ယာယီပြောင်းလဲ ကြားနာမည်ဖြစ်ကြောင်း တရားခွင်၌ ပြောဆိုထားသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်ချက်သည် ပြည်သူများ စိတ်ချမ်းသာရမည်ကြောင်း၊ တရားစီရင်သည့် အခါတွင်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စီရင်ဆောင်ရွက်သွားမည်ဟု ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက သတင်းမီဒီယာများအား ပြောဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
