Top News

လားရှိုး-မူဆယ်ခရီးသည်တင်ယာဉ်များ ပြေးဆွဲနေသော်လည်း နယ်မြေအခြေအနေ စောင့်ကြည့်နားထောင်ပြီးမှ သွားလာနေရခြင်းကြောင့် ယာဉ်စီးခများ ပုံမှန်စျေးမဖြစ်သေး
24htopnews | December 3, 2024 1:12 PM CST

          လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်း မကြီးပေါ်တွင် ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များ ပြေးဆွဲနေသော်လည်း နယ်မြေအခြေအနေစောင့်ကြည့်နားထောင်ပြီးမှ သွားလာနေရခြင်းကြောင့် ယာဉ်စီးခများ ပုံမှန်စျေး အတိုင်း မဖြစ်သေးကြောင်း သိရသည်။

          ယခုရက်ပိုင်းအတွင်းတွင် မူဆယ်-ကွတ် ခိုင်ယာဉ်စီးခနှုန်း တစ်ဦးလျှင် ကျပ် ၁၅၀၀၀ ထိစျေးရှိနေပြီး မူဆယ်-လားရှိုး လမ်းခရီးအ တွက်တစ်ဦးလျှင် ကျပ်၂ဝဝဝဝမှ ၂၅၀၀၀ အထိစျေးရှိနေကြောင်း သိရသည်။

“ဒီနေ့တော့ ကားတွေလားရှိုးဘက်တက် ဖို့တော့ ဂိတ်မှာကားတွေ ဂိတ်ထိုးထားကြတယ်။ ကားခကတော့ နယ်မြေအခြေအနေ နားထောင်ပြီးမှ သွားကြရတာဆိုတော့ စျေး ကတော့ ပုံမှန်စျေးမဖြစ်သေးဘူး။ ကြိုက်စျေး တောင်းပြီးမှပဲ သွားကြတာပဲ။ အခု မူဆယ်က နေကွတ်ခိုင်ကို တစ်သောင်းခွဲစျေးရှိတယ်။ လားရှိုးကိုဆိုရင် နှစ်သောင်းခွဲလောက်ထိ ရှိ တယ်”ဟု မူဆယ်-လားရှိုးခရီးသည်တင် ယာဉ်မောင်း ကိုရဲက ပြောကြားသည်။

          လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ ကွတ်ခိုင်နှင့်မူဆယ်ကြားတွင် လမ်း ကြောပိတ်ဆို့မှုများဖြစ်ပွားခြင်း၊ တိုက်ပွဲများ ဖြစ်ပွားတတ်ခြင်းနှင့် ကားမီးရှို့ခံရသည့် ဖြစ် စဉ်များဖြစ်ပွားသည့်အချိန်များတွင် ယာဉ် မောင်းများသည် မူဆယ်-လားရှိုးမြို့များသို့ သွားရောက်လိုပါက ကွတ်ခိုင်၊ တာမိုးညဲရှောင် ကွင်းလမ်းအတိုင်း သွားရောက်ကြသည်များ လည်းရှိကြောင်း သိရသည်။

          “မူဆယ်နဲ့ ကွတ်ခိုင်ကြားမှာ တစ်ခါတရံ တိုက်ပွဲတွေဖြစ်နေတယ်။လမ်းကြောပိတ်တာတွေ ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့က ကွတ်ခိုင်ကနေ တာမိုးညဲဘက်ကနေ မူဆယ်ကို ကွင်းလမ်းအတိုင်း မောင်းတာပေါ့။ အဲဒီလမ်း က မိုးရွာရင်မလွယ်ဘူး။လမ်းကြမ်းတယ်။ခရီးရှည်တယ်ပေါ့။ အဲဒီလမ်းကနေ သွားလာကြ မယ်ဆိုရင် မူဆယ်-လားရှိုးကားခက တစ်ယောက်ကို လေးသောင်းကနေ ငါးသောင်းအ ထိစျေးရှိတာပေါ့”ဟု ယာဉ်မောင်း ကိုစိုင်းအွမ် က ပြောကြားသည်။

          လားရှိုး - မူဆယ်ကြားပြည်ထောင်စု လမ်းတစ် လျှောက်တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ခရီးသွားများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ကြ သူများအလွန်နည်းပါးနေပြီး ခရီးသည်များရှားပါးလျက်ရှိကြောင်း သိရသည်။

          “လားရှိုးကနေ မူဆယ်တက်မယ့် ခရီးသည်ကတော့ တော်တော်ပါးသွားတယ်။သိပ်မရှိဘူး။ မူဆယ်ထွက်မယ့်ကားတွေကတော့ ရှိတယ်။ဒါပေမဲ့ အရင်လိုတော့မများတော့ ဘူးပေါ့။ ခရီးသည်လည်း အရင်လို သိပ်မရှိ တော့ဘူး။ဒီနေ့ဆိုရင် ကားတွေ မနက်ကတည်း က ခရီးသည်တွေကို စောင့်နေတာ။အခုထိ လူတစ်ယောက်မှ မရသေးဘူး” ဟု လားရှိုးမြို့ မန်ဆူဂိတ်အနီး မူဆယ်မြို့သို့ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောကြားသည်။

          စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းအချိန်ထိ လားရှိုး - မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ယာဉ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာခရီးဆက်နေကြသော်လည်း ယာဉ်သွား ယာဉ်လာများ ကျဲပါးနေကြောင်း သတင်းရရှိ သည်။

 

 


READ NEXT
Cancel OK