Top News

ပဲခူးဆေးရုံတွင် ဆေးကုသစဉ် ထွက်ပြေးလွတ်မြောက်သွားသော ပဲခူးအကျဉ်းထောင်မှ အကျဉ်းသားအား သထုံမြို့တွင် ပြန်လည်ဖမ်းဆီးရမိ
24htopnews | December 3, 2024 1:12 PM CST

ပဲခူးအကျဉ်းထောင်မှအကျဉ်းသားတစ်ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် ပဲခူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ စဉ် သြဂုတ်၂၁ ရက် ည ၁၀ နာရီခန့်က ထွက် ပြေးလွတ်မြောက်သွားခဲ့ပြီး စက်တင်ဘာ ၄ ရက် မွန်းလွဲ၂နာရီ မိနစ် ၄၀ က သထုံမြို့အဝင် တိုးဂိတ်တွင် ၎င်းအကျဉ်းသားအား ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က  ကဝမြို့နယ်အတွင်း၌ အမျိုးသမီးတစ်ဦးထံမှ နားကပ်ခိုးယူသောကြောင့် ပုဒ်မ ၃၈၀ ဖြင့်အ မှုဖွင့်ခံရသောရဲလင်းထွန်း (ခ)ဝေလ(၂၁နှစ်)ဆိုသူသည် အဆိုပါခိုးယူမှုကြောင့် ထောင် ဒဏ်နှစ်နှစ်ကျခံရပြီး ပဲခူးမြို့ လိပ်ပြာကန်အကျဉ်းထောင်တွင် အကျဉ်းသားအဖြစ်အပြစ် ခံယူနေစဉ် အူကျသောရောဂါဝေဒနာခံစား နေရသည်ဟုဆိုသောကြောင့် ပဲခူးဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးကုသမှုခံယူနေစဉ် သြဂုတ် ၂၁ ရက် ည ၁၀ နာရီခွဲခန့်က ပဲခူးဆေးရုံကြီး မှ ထွက်ပြေးတိမ်းရှောင်သွားပြီး စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝက မွန်ပြည်နယ် သထုံမြို့ရှိ တိုးဂိတ်တွင် ပြန်လည်ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုပြန်လည်ဖမ်းဆီးရမိတယ်ဆိုတာ ဟုတ်ပါတယ်။ သထုံမြို့အဝင်တိုးဂိတ်က ပြန် မိတာပါ။ မုတ်ကျတဲ့ရောဂါဖြစ်လို့ ဆေးရုံပို့ ပေးထားတာ။ ကဝမြို့နယ်ဘက်ကပါ။ အမျိုး သမီးတစ်ယောက်ရဲ့နားကပ်ကို ခိုးယူလို့ ပုဒ်မ ၃၈၀ နဲ့အမှုဖွင့်ခံရပြီးထောင်ကျနေတာ။နှစ် နှစ်ကျခံရတာပါ။ အိမ်သာသွားရင်း ထွက်ပြေး သွားတာလို့ သိရပါတယ်။ ၂၁ ရက် ည ၁၀ နာရီလောက်က ထွက်ပြေးသွားတာပါ”ဟု ပဲခူးမြို့မရဲစခန်းမှတာဝန်ရှိရဲဝန်ထမ်းတစ်ဦး က ပြောကြားသည်။

 

 


READ NEXT
Cancel OK