Top News

မောင်တောမြို့နယ်တောင်ပိုင်း ပင်လယ်ကမ်းခြေတွင် ကမ်းကပ်လာသည့် လှေတစ်စင်းပေါ်၌ ပုပ်ပွနေသည့် ကျွဲနွားကောင်ရေ ၅၀ ခန့် တွေ့ရှိ
24htopnews | December 3, 2024 1:12 PM CST

မောင်တောမြို့နယ်တောင်ပိုင်း ပင်လယ်ကမ်းခြေတွင် ကမ်းကပ်လာသည့် လှေ တစ်စင်းပေါ်ပုပ်ပွနေသည့် ကျွဲနွားကောင်ရေ ၅၀ ခန့်ကို စက်တင်ဘာ ၄ ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

လှေပေါ်တွင်ကျွဲ၊နွားအကောင် ၅၀ လုံး မှာ ကြိုးများဖြင့်ချည်နှောင်လျက် ပုပ်ပွသေ ဆုံးနေပြီး လှေပေါ်၌ လူတစ်ဦးတစ်ယောက်မျှ ပါလာခြင်းမရှိကြောင်းနှင့် အဆိုပါ ကျွဲ၊နွား အသေကောင်များကို ကမ်းခြေတွင် မြေမြှုပ်လိုက်ကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ ရွာနားက ကမ်းခြေမှာ အဲဒီဘုတ်ကပ်လာတာပါ။ ဘုတ်ပေါ်မှာပါလာတဲ့ ကျွဲ၊ နွားသေကောင်တွေက အနံ့ တအားထွက်နေတော့ ရွာသူရွာသားတွေကျန်းမာရေးထိခိုက်မှာ စိုးရိမ်ရတဲ့အတွက် မြေမြှုပ်နေပါတယ်။ မနေ့က ညနေက မီးရှို့တော့ သုံးကောင်လောက်သာ ပြီးတယ်။ မနေ့ကမြေ မြှုပ်တာမပြီးလို့ ဒီကနေ့လည်းဆက်ပြီးမြေမြှုပ်နေပါတယ်။ ကျွဲနွားသေကောင်တွေကို ထမ်း ချရတာမလွယ်တဲ့အတွက် ကမ်းခြေမှာပဲ မြေ မြှုပ်လိုက်ပါတယ်”ဟု ကျောက်ပန်းဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပြောကြားသည်။

ယခုတွေ့ရှိသည့် ကျွဲနွားအသေများနှင့် လှေမှာမည်သည့်ဒေသမှဖြစ်ကြောင်းနှင့် ပိုင် ရှင်မည်သူဆိုသည်ကိုလည်း မသိရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့် ကျွဲ၊ နွားများဖြစ် နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြား ကြသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာနိုင်ငံမှ နွားများ ကို နယ်စပ်ကုန်သွယ်ရေးဖြင့် ဆက်လက်တင် ပို့နေပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ဇူလိုင် ၂၂ ရက်အထိ နွားအကောင်ရေ ၂၃၀၀ နှင့် ကျွဲအကောင် ၁၀၀ ကို တင်ပို့ခဲ့ ကြောင်း ရခိုင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  တရားဝင်နွားကောင်  ရေ ၁၀၀ ခန့်တင်ပို့ရန်စီစဉ်ထားပြီး သြဂုတ် ၁၀ ရက်က နွားကောင်ရေ ၂၅ ကောင်ကို ပထမအသုတ်အဖြစ် တင်ပို့ခဲ့ကြောင်း သိရ သည်။               

 


READ NEXT
Cancel OK