Top News

ပုသိမ်မြို့ Myanmar Knitting အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည့် အလုပ်သမားများ၏တောင်းဆိုချက်အားလုံး စက်ရုံမှလိုက်လျောခဲ့ပြီး ဆန္ဒထုတ်ဖော်မှုရပ်ဆိုင်း
24htopnews | December 3, 2024 1:12 PM CST

ပုသိမ်မြို့ Myanmar Knitting   အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂ ရက် မှစတင်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြ သည့်အလုပ်သမားများ၏ တောင်းဆိုချက် ၄၅ ချက်အား စက်ရုံဘက်မှ လိုက်လျောမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှုအား စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခန့်တွင် ရပ် ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

 အဝေးသင်တက္ကသိုလ်ကျောင်းတက်ရက်များတွင် ၄၅ ရက်တိတိ လစာမဲ့ခွင့်ရရှိရေး စသည့်အချက်များအပါအဝင် အလုပ်သမားများကတောင်းဆိုချက် ၄၅ ချက်အား စက်တင် ဘာ ၂ ရက်မှစတင်ကာ စက်ရုံရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း၊ လုပ်သားများတောင်းဆိုချက်အား စက်ရုံမှ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် တောင်းဆိုချက် ၄၅ ချက်အနက် ၃၉ ချက်အား စက်ရုံမှ စတင်လိုက်လျောခဲ့ကြောင်း၊  စက်တင်ဘာ ၄ ရက်တွင်လည်း အ လုပ်သမားများက ကျန်ရှိသည့်တောင်းဆိုချက် ခြောက်ချက်အား ဆက်လက်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး ညှိနှိုင်းဆောင်ရွက်မှုများအရ ညနေ ၄နာရီခန့်တွင် စက်ရုံတာဝန်ရှိသူများက အလုပ်သမားများ၏ တောင်းဆိုချက် အားလုံးကို ရုပ်သိမ်းပေးခဲ့ပြီးနောက်ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အားလုံး ပြေလည်သွားပြီ။ ၃၆ အချက်မှာဆိုရင် ရက်မှန်ကြေးသုံးသောင်းပေါ့။ ကျွန်တော်တို့ ဒီဘက်မှာ တစ်သောင်းခွဲပေါ့၊ တစ်သောင်းခွဲနဲ့ ကျန်တဲ့ငါးချက်ကိုက သေချာပြေလည်အောင် လုပ်ပေးလိုက်ပါ တယ်။ အဲဒီတစ်သောင်းခွဲလေးကို ရှေ့မှာရှိနေ တဲ့ ကလေးတွေကို ပြေလည်အောင်ပြောပေးပါဆိုပြီး ရှေ့မှာရှိတဲ့ခေါင်းဆောင်တွေကို ကျွန် တော်က ပြောခဲ့တယ်ပေါ့နော်။ ၄၅ ချက်လုံး စက်ရုံဘက်က လိုက်လျောပေးတယ်”ဟု စက်ရုံဘက်မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် စက်မှုဇုန်မှတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအေးမင်းလတ်က ပြောကြားသည်။

ညှိနှိုင်းမှုအောင်မြင်ပြီးနောက် စက်တင် ဘာ ၅ ရက်မှ စတင်ကာ အလုပ်သမားအားလုံး ပြန်လည်၍ အလုပ်ခွင်သို့ဝင်ရောက်ခဲ့ကြောင်း သိရပြီးညှိနှိုင်းမှုရလဒ်နှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ကိုယ်စားပြုသွားရောက် ညှိနှိုင်းပေးခဲ့သူ ဒေါ်ခခက “တောင်းဆိုချက် ၄၅ ချက်မှာ မနေ့က ၃၉ ချက်က အဆင်ပြေ သွားတယ်။ အကျိုးစီးပွားဆိုင်ရာခြောက်ချက် က ကျန်နေခဲ့တယ်။ အဲဒီခြောက်ချက်က အ ရမ်းတင်းမာတယ်ပေါ့။ အလုပ်ရှင်ဘက်ကလည်း လုံးဝမလိုက်လျောနိုင်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အလုပ်ရှင်ဘက်က စက်ရုံပိတ် တယ်ဆိုပြီး ကြေညာလိုက်တယ်။ အဲဒါနဲ့ ကျွန်မတို့ အလုပ်ရှင်နဲ့ မနက် ၉ နာရီခွဲ လောက်က တည်းက စကားပြောလိုက်တဲ့အခါမှာ ကျွန်မတို့ ၁၀ နာရီခွဲမှာ အလုပ်ရုံထဲမှာ အလုပ်သမား ခေါင်းဆောင်တွေအပါအဝင် အလုပ်သမား ခေါင်းဆောင်ရှစ်ယောက်နဲ့ အလုပ်ရှင်ရယ် အလုပ်ရှင်ဘက်က တာဝန်ရှိတဲ့သူတွေ သတင်းဌာနတွေ ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ အားလုံးစုပြီး တော့မှ ညှိနှိုင်းလိုက်တာ အောင်မြင် စွာပြီးဆုံးသွားပါတယ်”ဟု ပြောကြားသည်။

                                     

 


READ NEXT
Cancel OK