မန္တလေးတောင်ခြေရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားသို့ နိုင်ငံခြား သားခရီးသွားဧည့်သည်ဝင်ရောက်မှုကို ဝင်ကြေးကောက်ခံရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရပါသည်။
“နိုင်ငံခြားသား ဝင်ရောက်မှုက တစ်နေ့ ကို ၈၀၀ နဲ့ ၉၀၀ ကြားမှာရှိတယ်။ ၂၀၁၈ တုန်းက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ သုံးလမှတ်တမ်းလုပ်ကြည့်လိုက်တာ ပြည်တွင်းဘုရားဖူးက ၁၀၀၀ လောက်ဝင် တယ်။ နေ့ကြီးရက်မြတ်လပြည့်နေ့ဆိုရင် ၁၀၀၀၀ ကျော်လောက်ဘုရားဖူးတွေ ဝင်ရောက်တာ တွေ့ရတယ်။ ဝင်ကြေးကောက်ဖို့ အတွက် ခွင့်ပြုချက်တင်ထားတယ်။ စီမံချက်ရေးဆွဲပြီး တိုင်းဒေသကြီးအစိုးရဆီ တင်ပြ ထားတယ် နိုင်ငံခြားသား တစ်ယောက် ၃၀၀၀ ကျပ် ကောက်ခံဖို့အစီအစဉ်ရှိတယ်။ သူတို့ အတွက် အခမဲ့သန့်စင်ခန်းအသုံးပြုခွင့်၊ သူတို့လာတဲ့ ကားတွေရပ်နားခွင့် အခွန်မကောက်ဘူး။ အခုလောလောဆယ် ကောက်ခံဖို့ ခွင့်ပြုချက်မရသေးဘူး။ မန္တလေးဇုန်ဝင်ကြေး နိုင်ငံခြားသားကို တစ်ခါတည်း စုကောက်လိုက်တော့ ကုသိုလ်တော်ဘုရားလာဖူးဝင်ရောက်တာကျ ဝင်ကြေးမရဘူး။ ကုသိုလ်တော်ဘုရား ဘက်စုံပြုပြင်ရေးအတွက်ကျ တခြားဝင်ငွေနဲ့ ရပ်တည်နေကြရတာပါ”ဟု မဟာလောကမာ ရဇိန်ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်း က ပြောကြားသည်။
မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရှိကျောက်စာများမှာ မင်းတုန်းမင်း လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၀ိနည်း၊ အဘိဓမ္မာ၊ သုတ္တန်ပါဠိတော် ကျောက်စာချပ် ပေါင်း ၇၂၉ ချပ်ရှိပြီး ကျောက်စာချပ်များ ကြောင့် ကမ္ဘာ့အကြီးဆုံးစာအုပ်ဟု တင်စား ခေါ်ဝေါ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ် တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
