Top News

မန္တလေးတက္ကသိုလ်တွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ Food Court တည်ဆောက်ခြင်းနှင့်ပတ်သက်၍ သပိတ်မှောက်တောင်းဆိုမှု ဆက်လက်ပြုလုပ်
24htopnews | December 3, 2024 1:12 PM CST

မန္တလေးတက္ကသိုလ်တွင် တင်ဒါခေါ်ယူ ခြင်းမရှိဘဲ Food Court တည်ဆောက်ခြင်းနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကာ သပိတ်မှောက် တောင်းဆိုမှု လေးရက်မြောက် စက်တင်ဘာ ၅ ရက်တွင် အရှိန်အဟုန်မြင့်တက်လာကြောင်း သတင်းရရှိသည်။

Food Court တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပါမောက္ခချုပ် အလိုမရှိပါဝင်သော အချက်ငါးချက်အား မန္တလေးတက္က သိုလ်ကျောင်းသားများသမဂ္ဂမှ သပိတ်မှောက်တောင်းဆိုမှုများကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ရာ ညပိုင်းအချိန်တွင်မူ ကျောင်းတာဝန်ရှိသူများ က ကျောင်းသားမိဘများထံ ဖိအားပေး ပြန်ခေါ်စေမှုများပြုလုပ်သောကြောင့် ယင်းနေ့ညတွင် သပိတ်ကိုခေတ္တရပ်နားခဲ့ကြောင်း၊ စက်တင်ဘာ ၃ရက် နံနက်တွင်  သပိတ်ကိုပြန်လည်စတင်ခဲ့ပြီး ဆန္ဒပြကျောင်းသူနှစ်ဦး ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူခဲ့ရသော်လည်း ကျန်ကျောင်းသား ကျောင်းသူများက ဆက်လက်တောင်းဆိုခဲ့ကြကြောင်း၊ ဆက်လက်ပြီး စက်တင်ဘာ ၄ ရက် တွင်မူ အခြားတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားကျောင်းသူများကလည်း လာရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်တောင်းဆိုနေခဲ့ရာ လေးရက်မြောက် စက်တင်ဘာ ၅ ရက်တွင် အရှိန်ဟုန်မြင့်တက် လာနေကြောင်း သိရသည်။

 သပိတ်မှောက်တောင်းဆိုမှုများနှင့် ပတ်သက်၍ ကျောင်းတွင်း လှည့်လည်ကြွေးကြော်ခြင်း၊ သပိတ်မှောက်ရသည့်အကြောင်းအရာနှင့်ပတ်သက်၍ ကျောင်းသားကျောင်း သူများကို ရှင်းပြခြင်း၊လက်ပတ် ပတ်ပေးခြင်း စသည်တို့ကို တခြားတက္ကသိုလ်ကျောင်းသား များသမဂ္ဂများမှလည်း လာရောက်ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

“ဒေါက်တာဆင့်စိုး မန္တလေးနည်းပညာ တက္ကသိုလ်ပါမောက္ခချုပ်ရယ်၊ ဒေါက်တာ ကျော်ကျော်ခေါင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်ရယ်၊ ပညာရေးဝန်ကြီး ဌာနက ကိုယ်စားလှယ်တစ်ဦးပါဝင်တဲ့ လေး ဦးအဖွဲ့ကညီမတို့ကို မနေ့ညက လာပြီးတွေ့ပါ တယ်။ ဒါကြောင့် ညီမတို့အနေနဲ့ ဆရာတို့ကို လုပ်ပိုင်ခွင့်အပြည့်အဝပါလား၊ ဆုံးဖြတ်ပိုင်ခွင့်ရှိလားလို့ မေးလိုက်ပါတယ်။ မီဒီယာတွေ၊ ကျောင်းသူကျောင်းသားတွေ ဆုံတဲ့အချိန်မှာတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ဆိုလို့ အစည်းအဝေးခန်းမထဲကို လိုက်သွားခဲ့တာပါ။ ဒါဆိုရင် ဆရာတို့မှာ လုပ်ပိုင်ခွင့်အပြည့်အဝပါတဲ့အကြောင်း ဝန်ကြီးဌာနကနေ စာထုတ်ပေး လိုက်လားဆိုတော့ စာပါတယ်ပြောတယ်။ ဒါကြောင့် ကျွန်မတို့ကို အဲဒီစာပြပါလားဆို တော့ ဒီစာကဝန်ကြီးဌာနကစာမို့ ပြလို့မရဘူး ပြောပါတယ်။ ဒီလာတွေ့တဲ့ လေးယောက်အဖွဲ့ကလည်း ညီမတို့ သပိတ်မှောက်ထားတဲ့ ဘက်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ပဲဖြစ်တယ်။ ဝန်ကြီးဌာနကို ပြန်လည်တင်ပြရုံသက် သက်အဖွဲ့ပဲ။ ဒီလိုအဖွဲ့မျိုးနဲ့ဆက်ဆွေးနွေးလည်း ညီတို့လိုချင်တဲ့ ပန်းတိုင်လည်းရောက် မှာ မဟုတ်ဘူး။သပိတ်ရပ်ရင် ပြီးတာပဲဆိုပြီး အယောင်ပြ ညှိနှိုင်းတဲ့အတွက် ညီမတို့အနေ နဲ့ ဆက်လက်ဆွေးနွေးခြင်းမရှိဘဲ ထွက်လာ ခဲ့တာပါ”ဟု မန္တလေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂအဖွဲ့ဝင် မယမင်းသူက ပြောကြား သည်။

၎င်းတို့အနေဖြင့် တောင်းဆိုထားသည့် ကြွေးကြော်သံ ငါးချက်ကို ကိုင်ဆွဲတောင်းဆို သွားမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်အနေ ဖြင့် နိုင်ငံတော်သမ္မတညွှန်ကြားချက် ဖြစ် သော ၁/၂၀၁၇ တင်ဒါစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ Food Court ဆောက်လုပ်ရာတွင် ဝန်ကြီးဌာနနှင့် အစည ၏  ခွင့်ပြုချက်မရရှိသေးကြောင်း၊  တက္ကသိုလ်၏ အမြင့်ဆုံးဖြစ်သော စီမံခန့်ခွဲရေးအစည်းအဝေး၊ အစည်းအဝေးမှတ်တမ်းများကို ပြန် လည်ပြင်ဆင်ကာ ကျောင်းသားသမဂ္ဂမှ သဘောတူသယောင် လက်မှတ်များကို ဖိုတို ရှော့ဖြင့်ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ကျောင်းသား များထံမှ သိရသည်။

 မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ဦးဆောင်ကာ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးအ ရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာန၏ဘက် လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ အလိုမရှိ၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုး ရှာသော ပါမောက္ခချုပ်အလိုမရှိ၊ နိုင်ငံတော်  သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေကို ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးအရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး စသည့်အချက် များကို တောင်းဆိုနေခြင်းဖြစ်သည်။

 

 


READ NEXT
Cancel OK