တနင်္သာရီမြစ်ရေ ဒုတိယအကြိမ်ရေ ကြီးမှုမှာရက်ပေါင်း ၂၀ ကျော်ပြီဖြစ်ပြီး မြစ် ရေကြီးမှုကြောင့် လူဦးရေ ၄၀၀၀ ကျော် ရေ ဘေးသင့်နေကာ စာသင်ကျောင်းပေါင်း ၁၉ ကျောင်းပိတ်ထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြစ်ရေမှာ မြစ်ဖျားပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက်မြစ် ရေနောက်တစ်ကြိမ်ထပ်ကြီးလာပြီးကျေးရွာအများအပြားမှာရေကြီးမှုထပ်မံကြုံတွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လကမြစ်ပထမကြိမ်ရေကြီးမှုဖြစ်ပွားခဲ့ပြီးအန္တရာယ် ရေအမှတ်ဖြစ်သည့် ၂၄ ပေကိိုကျော်လွန်ခဲ့ကာ သြဂုတ် ၁၂ ရက်တွင် ၂၆ ပေ ၆ လက်မအထိ တက်ခဲ့ကြောင်း ၊နောက်ပိုင်း ရေအနည်းငယ်ပြန်ကျခဲ့ သော်လည်း သြဂုတ် ၁၇ ရက်မှစတင်ပြီး ဒုတိယအကြိမ် မြစ်ရေပြန်ကြီးလာရာ စိုးရိမ် ရေမှတ်ဖြစ်သည့် ၁၇ ပေကို ကျော်လွန်ကာ ၂၁ ကျော်အထိ ရောက်ရှိနေခဲ့ကြောင်းသိရသည်။
“၂၁ ပေနှင့် ၂ လက်မဖြစ်နေပါပြီ။ မိုးကလည်းတောက် လျှောက်ရွာနေသေးတယ်ဆို တော့ရေထပ်တိုးလာမယ့်အလားအလာမျိုး ဖြစ်နေတယ်။ စာသင်ကျောင်းက စက်တင်ဘာ ၅ ရက်အထိ ၁၉ ကျောင်းပိတ်ထားရတယ်။ ပြီးတော့ရေကြီးနေတဲ့ အချိန်က ရက်ပေါင်း ၂၀ ကျော်သွားပြီ။ကလေးတွေရဲ့စာသင်ချိန် ကိုလည်း အရမ်းကို ဖြည့်ပြီး သင်ရမယ့် အနေအထားဖြစ်နေတယ်။ ကယ်ဆယ်ရေးစခန်း တွေက ရှစ်ခုဖွင့်ထားတယ်။ မြို့ပေါ်အပါအဝင် ရှစ်ခုမှာလူဦး ရေ ၂၀၀၀ နီးပါးရောက်ရှိနေ တယ်။ ရေလည်း ထပ်တိုးလာနိုင်တယ်။ အခု ဆိုရင်ရေဘေးသင့်နေတဲ့ပြည်သူက ၄၀၀၀ ကျော်သွားပြီ။ အား လုံး ၄၄၀၀၀ ကျော်သွားပြီး ရေဘေးသင့်တဲ့ ကျေးရွာက ၁၉ ရွာဖြစ်နေပြီ။ ရေထပ်တိုးနိုင် တဲ့အနေထားမှာလည်း ရှိနေတယ်။ လောလောဆယ်မနေ့ကရတဲ့ စာရင်း အရ ကျေးရွာပေါင်း ၁၉ ရွာမှ လူဦးရေ ၄၄၀၀ ကျော်ရေဘေးသင့်နေတယ်။ အဲဒီအထဲမှာမှ ကယ်ဆယ်ရေးစခန်း ရှစ်ခု ရောက်နေတဲ့လူဦး ရေ ၂ဝဝဝဝန်းကျင် ဖြစ်ပါတယ်”ဟု တနင်္သာ ရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။
တနင်္သာရီမြစ်ရေမှာ ထားဝယ်ဘက်တွင် မြစ်ဖျားခံစီးဆင်းလာသည့်အတွက် မြစ်ဖျားပိုင်းတွင် မိုးသည်ထန်ခြင်းနှင့်မြစ်အောက် ပိုင်းရှိ မြိတ်မြို့တွင် ဒီရေတက်ချိန် တိုက်ဆိုင် ပါက ရေမကျသွားပဲမြစ်ရေထပ်တိုးလာတတ် ကြောင်းသိရသည်။
ဒုတိယအကြိမ်မြစ်ရေကြီးမှုမှာ ရက်ပေါင်း ၂၀ ကျော်လာနေပြီး စာသင်ကျောင်းများ ပိတ်ထားရကာ ကျောင်းသား ကျောင်းသူများ ၏ ပညာရေးအတွက်စိုးရိမ်ရသည့်အနေထား ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။
တနင်္သာရီမြစ်ရေ၏စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ရာအန္တရာယ်ရေအမှတ်ကို ကျော်လွန် လာပါက ရန်ကုန်-မြိတ်-တနင်္သာရီ-ကော့ သောင်း ပြည်ထောင်စု လမ်းမကြီးရှိ လမ်းအစိတ်အပိုင်းများရေကျော်ကာသွားလာမှုပြတ် တောက်သွားနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
