Top News

မြန်မာ-ထိုင်း မြဝတီ-မဲဆောက် အမှတ်( ၂ )ချစ်ကြည်ရေးတံတား စက်တင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ
24htopnews | December 3, 2024 1:12 PM CST

မြန်မာ - ထိုင်း မြဝတီ- မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအား စက်တင်ဘာလ စတုတ္ထပတ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်တိုဘာလပထမပတ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်လှစ်နိုင်ရေးအတွက်၂၀၁၉ ခုနှစ် စက်တင်ဘာ တတိယပတ်အတွင်း ထိုင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးနှင့် MOU လက်မှတ်ရေးထိုးမည်ဖြစ်ပါကြောင်း၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း၌ ချစ် ကြည်ရေး တံတားအမှတ်(၂)ဖွင့်လှစ်နိုင်ရေး အတွက် PMC လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံတာဝန်ရှိသူများ သဘောတူညီမှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးပြီးပါက၂၀၁၉ခုနှစ်၊အောက်တိုဘာလပထမပတ်အတွင်း ချစ်ကြည်ရေးတံတားအမှတ်(၂)အား ဖြတ်သန်းအသုံးပြုခွင့် ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချစ်ကြည်ရေး တံတားအမှတ်(၂)ချဉ်း ကပ်လမ်း၊ မြေနီကုန်းလမ်းဆုံ၊တန်ပိုကတ္တားဂိတ်နှင့် BCF Zome တို့တွင် ပြင်ဆင်ထိန်း သိမ်းရန်လိုအပ်လျက်ရှိသောလုပ်ငန်းများအား ထိုင်း DOH မှတာဝန်ယူပြင်ဆင်သွား မည်ဖြစ်ပါကြောင်းနှင့် တံတားဖွင့်လှစ်ပြီးပါကလည်း တစ်နှစ်အတွင်း ပျက်စီးမှုများကို တာဝန်ယူ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ  လတ်တလော မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ  AE,SAE တို့ဖြင့်မြေနီကုန်းလမ်းဆုံ၊ ရေပူလမ်းဆုံနှင့် မြဝတီ-ဘာအံလမ်းဟောင်း၊ မြဝတီ-မုဒုံလမ်းပိုင်းတို့အား မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိ သူများက စက်တင်ဘာ၄ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီ-မဲဆောက်အမှတ်(၂) ချစ်ကြည် ရေးတံတားဖွင့်လှစ်အသုံးပြုနိုင်ပါက မြန်မာ ထိုင်းနှစ်နိုင်ငံသာမက မဟာမဲခေါင်ဒေသ တစ်ခုလုံးအကျိုးဖြစ်ထွန်းမည်ဟု ဆိုသည်။

နယ်စပ်ကုန်သွယ်မှုမြန်ဆန်သွက်လက် လာမည်ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာလည်း ပိုမိုမြင့်တက်လာနိုင်သည်ဟု နယ်စပ်ကုန် သည်များက မျှော်လင့်ကြသည်။

အဆိုပါ အမှတ်၂ ချစ်ကြည်ရေး တံတား အား  ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က စတင် တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ်တို့က တံတားပြီးစီးမှု အထိမ်း အမှတ်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ တံတားပေါ် မှဖြတ်သန်းကုန်သွယ်မှု ပြုနိုင်ရေးအတွက် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးမှုပြုလုပ် နေကြဆဲ ဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK