မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ သပိတ်တိုက်ပွဲကို ထောက်ခံကြောင်း ရန်ကုန်တိုင်းအတွင်းရှိ သမဂ္ဂအသီးသီးက သြဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးနှင့် စီမံအဖွဲ့က ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန၏ခွင့်ပြုချက်မရ ရှိဘဲ Food Court ဖွင့်လှစ်ရန် စာချုပ်ချုပ်ဆို ခဲ့ပြီး မန္တလေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၏ အထူးအစည်းအဝေး (၂/၂၀၁၉) မှတ်တမ်းတွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သဘောတူသည့်ဟန်ဖြင့် လက်မှတ်အတုများ ပြုလုပ်ပြုပြင်ထားခြင်းကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ်၂ ရက်မှ စတင်ကာ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်များကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သြဂုတ် ၄ရက်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စိစစ်ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ကြောင်း၊တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား စစ်ဆေးရမည်ဖြစ်သော်လည်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအား အသိပေး မေးမြန်းခြင်းမရှိသည့်အပြင် တစ်လကြာသည်အထိ မည်သည့်ဆုံးဖြတ်ချက်မျှထွက် မလာကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနမှာ အဂတိလိုက်စားမှု အများဆုံးဌာနများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကိုယ်ကျိုးရှာခြင်း၊ မရိုးမသားလုပ်ဆောင်နေကြခြင်း၊ မတရား ဖိနှိပ်ခြင်းတို့ကို ကျောင်းသားသမဂ္ဂများမှ အ ပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊ အာဏာပိုင်များအနေဖြင့် သပိတ်မှောက်တောင်း ဆိုချက်များကို ဖြေရှင်းပေးရမည့်အစား သပိတ်မှောက်ရဲဘော်များ၏ မိဘများကို ဆက်သွယ်ဖိအားပေးနေမှုများ ပြုလုပ်နေခြင်းမှာ လုံးဝလက်ခံနိုင်စရာမရှိသော ဖိနှိပ်သည့် လုပ်ရပ်များဖြစ်သည်ဟု ယူဆကြောင်း ကျောင်း သားသမဂ္ဂများက ထုတ်ပြန်ကြေညာထားသည်။
မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်များဖြစ်သည့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်း အုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ်အား အသုံးချပြီး ကိုယ်ကျိုးရှာသော ပါမောက္ခချုပ်အလိုမရှိ၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး၊ မှန်ကန် မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း ပြီး စစ်ဆေးအရေးယူပေးရေးစသည့် တောင်း ဆိုချက်ငါးချက်ကို အမြန်ဆုံးဖြေရှင်းပေးပြီး သပိတ်မှောက်ကျောင်းသားများကို တစ်စုံတစ်ရာအရေးယူမှုများ မပြုလုပ်ရန် လေး နက်စွာတိုက်တွန်းကြောင်း ကျောင်းသား သမဂ္ဂအသီးသီးက ထုတ်ပြန်ကြေညာထားသည်။
လက်ရှိတွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဦးဆောင်၍ တောင်းဆိုချက်ငါးချက်ဖြင့် သပိတ်မှောက်တောင်းဆို နေသည်မှာ လေးရက်မြောက်ရှိနေပြီဖြစ်ပြီး ကျောင်းသားကျောင်းသူများ ပူးပေါင်းပါဝင်မှု တစ်နေ့တစ်ခြား များပြားလာရာ သြဂုတ် ၅ ရက်တွင် အင်အား ၄၀၀ ခန့်အထိ ရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
