ဂုတ်တွင်းတံတားအပါအဝင် ပစ်ခတ် ဖျက်ဆီးခံရသော တံတားများအားလုံး ပြန်လည်ကောင်းမွန်ပြီဖြစ်ပြီး စက်တင်ဘာ ၈ ရက်မှစ၍ ၄၈ တန်ကားများ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
နေပြည်တော်၌ စက်တင်ဘာ ၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
“၄၈ တန်ကားတွေ ဖြတ်ဖို့ဆိုပြီး မှေးထားတာရှိတယ်။ အခုက ၃၆တန် ကန့်သတ်ထားတာ။ ဒါတွေအားလုံး လာမယ့် ၈ ရက် တနင်္ဂနွေနေ့မှာ ၄၈ တန် ဖြတ်လို့ရပါပြီ။ အခုမြိတ်၊ ထားဝယ်ကားတွေ မလွှဲတောင်မှာ ၇ ရက်နေ့၊ စနေနေ့မှာ ၄၈ တန်ပေးဖြတ်မှာ ဖြစ် ပါတယ်။ တံတားတွေအားလုံး ကောင်းသွားပါပြီ။ မူဆယ်ကိုလည်း လမ်းပွင့်သွားပြီဖြစ်တဲ့အတွက် မန္တလေး၊ လားရှိုး၊ မူဆယ် အားလုံး လမ်းပွင့်သွားပါပြီ သွားလို့ရပြီ။ ကွမ်းလုံလမ်း ကြောင်းလည်း တံတားတွေ အားလုံးကောင်းသွားပြီဖြစ်တဲ့အတွက် အားလုံးသွားလို့ ရပါ ပြီ”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ် အတွင်းရှိ တပ်မတော်နည်းပညာတက္က သိုလ်၊ ဂုတ်တွင်းလုံခြုံရေးစခန်း၊ တိုးဂိတ်များနှင့် မူး ယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊ တပ်ဌာနချုပ် တစ်ခုတို့အား တအာင်းအဖွဲ့ (TNLA)၊ ရခိုင် အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့တို့က လက်နက်ကြီး လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရသေ ဆုံးမှုဖြစ်ပြီး အဆောက်အအုံ၊ ယာဉ်၊ စက်များ အပါအဝင် ဂုတ်တွင်းတံတားပါ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံး သူများအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း အဆိုကို ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က နေပြည်တော်၌ သြဂုတ် ၁၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့တွင် တင်သွင်းခဲ့ပြီး လွှတ်တော်တွင်လည်း မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသည့် လူနာများကို အလံဖြူထောင်၍ သွားရောက်ကယ်ဆယ်သည့် လူမှုကူညီ ရေးအဖွဲ့မှ ယာဉ်အချို့ကိုလည်း ပတ်ခတ် တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
