ထိုင်းနိုင်ငံတွင် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ နေရာအများဆုံး အနိုင်ရရှိခဲ့သည့် Move Forward ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ပီတာလင်ဂျာရွန်ရတ်က သူသည် ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ပီတာသည် ဆယ်စုနှစ်တစ်စုနီးပါးကြာ လွှမ်းမိုးထားသည့် စစ်တပ်၏ ကျောထောက်နောက်ခံပြု အုပ်ချုပ်မှုကို ကျေနပ်ခြင်းမရှိသည့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုဖြင့် ရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ပီတာသည် ဝန်ကြီးချုပ်ရာထူးနေရာအတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွင် လိုအပ်သည့် ထောက်ခံမဲအရေအတွက်မရခဲ့ဘဲ ကွန်ဆာဗေးတစ်အင်အားစုနှင့် ထိပ်တိုက်တွေ့ခဲ့ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှလည်း ဆိုင်းငံ့ခံခဲ့ရသည်။
ထို့နောက် Move Forward ပါတီသည် အတိုက်အခံပြိုင်ဘက်ဖြစ်သည့် ဖြူထိုင်းပါတီနှင့် ဖွဲ့စည်းထားသည့် ညွန့်ပေါင်းမဟာမိတ်အဖွဲ့ထဲမှ နုတ်ထွက်ခဲ့ပြီး အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။
ဖြူထိုင်းပါတီကမူ စစ်တပ်လိုလားသည့် ပါတီများပါဝင်သည့် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းခဲ့သည်။
“လွှတ်တော်အတွင်း အသံတစ်သံအဖြစ် ပါဝင်နိုင်စွမ်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လမ်းဖယ်ပေးတဲ့အနေနဲ့ Move Forward ပါတီခေါင်းဆောင်အဖြစ်က ကျွန်တော် နုတ်ထွက်ပါတယ်”ဟု ပီတာက ၎င်း၏ တရားဝင် Facebook Page တွင် ရေးသားခဲ့သည်။
လက်ရှိထုတ်ပြန်ထားသည့် ဥပဒေများအရ အတိုက်အခံခေါင်းဆောင်သည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမည်ဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဆိုင်းငံ့ခံခဲ့ရတာကြောင့် သိပ်မဝေးတဲ့ အနာဂတ်မှာ ကျွန်တော်ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်လာဦးမှာ မဟုတ်ပါဘူး”ဟု ပီတာက ရေးသားခဲ့သည်။
ပီတာသည် ယခုဖျက်သိမ်းလိုက်ပြီဖြစ်သည့် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏စီရင်ချက်ကို စောင့်ဆိုင်းနေသည့်အချိန်တွင် ဇူလိုင်လအတွင်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
