Top News

အမေရိကန်က တောင်ကိုရီးယားကို အမေရိကန်ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမည်
24htopnews | December 3, 2024 3:12 PM CST

အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားကို F-35 ဂျက်တိုက်လေယာဉ်များရောင်းချမှုကို စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြုလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်က တောင်ကိုရီးယားကို အဆင့်မြင့်တိုက်လေယာဉ်များရောင်းချရန် သဘောတူလိုက်ခြင်းဖြစ်သည်။ အဆိုပါတိုက်လေယာဉ်သည်ရေဒါရှောင်ကွင်းနိုင်သည်ဟုဆိုသည်။ ယခုရောင်းချမှုသည်တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဘီလျံရှိသည်။

လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်သော F-35 ဂျက်တိုက်လေယာဉ် ၂၅ စီးနှင့် အင်ဂျင်များ၊ ဆက်စပ်ပစ္စည်းများကို ရောင်းချရေးအတွက် အတည်ပြုပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကွန်ဂရက်ကို အကြောင်းကြားခဲ့သည်။

ရောင်းချမှုက ဒေသတွင်းရန်စမှုများကိုလည်းကောင်း၊ အမေရိကန်တပ်ဖွဲ့များနှင့်အတူ ချိတ်ဆက်လုပ်ဆောင်ရာတွင်လည်းကောင်း၊ ယုံကြည်စိတ်ချရသော ကာကွယ်ရေးစွမ်းရည်ကို ပံ့ပိုးပေးခြင်းအားဖြင့် မျက်မှောက်နှင့်အနာဂတ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရေးအတွက် ကိုရီးယားသမ္မတ နိုင်ငံ၏စွမ်းရည်ကို တိုးတက်စေလိမ့်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပြုထားသည့် ရောင်းချမှုကဒေသတွင်း အခြေခံကျသော စစ်ရေးဟန်ချက်ကို ပြောင်းလဲသွားစေလိမ့်မည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Ref: AFP


READ NEXT
Cancel OK