လူ ၄,၀၀၀ ခန့်သေဆုံးပြီး လူထောင်ချီ ပျောက်ဆုံးသွားစေသည့် ဆူနာမီလှိုင်းလုံးများနှင့်ဆင်တူသော ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက်တွင် လစ်ဗျားကိုကူညီရန် တစ်ကမ္ဘာလုံး ကြိုးပမ်းဆောင်ရွက်မှုသည် အရှိန်မြန်ဆန်လာသည်။
သင်္ဘောများနှင့်အတူ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်များသည် လစ်ဗျားထံကယ်ဆယ်ရေးပစ္စည်များ သယ်ဆောင်လာသည်။
မြေထဲပင်လယ်ကမ်းရိုးတန်းမြို့ ဒါနားတွင် ရုတ်တရက်ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူများအပြင် လူသောင်းဂဏန်းသည် အိုးအိမ်မဲ့သွားခဲ့သည်။ ဒန်နီရယ်မုန်တိုင်းကြောင့် မြေထဲပင်လယ် ကမ်းရိုးတန်းဒေသတွင် မိုးများခဲ့ရာ မြစ်ညာအရပ်တွင်ရှိသော ဆည်နှစ်ခုကျိုးသွားခဲ့ပြီးနောက် ရုတ်တရက်ဖြစ်ပွားသော ရေကြီးမှု သည် ဆူနာမီလှိုင်းများနှင့် ဆင်တူနေသည်ဟု မျက်မြင်တွေ့ရှိသူများက ထုတ်ပြောကြားသည်။
ရေလုံးကြီးများသည် အဆောက်အအုံများနှင့် ကားများကိုလည်းကောင်း၊ ယင်း အဆောက်အအုံများနှင့်ကားများထဲက လူများကိုလည်းကောင်း ထိခိုက်ပျက်စီးသွားစေခဲ့သည်။ လူအများအပြားသည် ပင်လယ်ထဲသို့ မျောပါသွားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အလောင်းများသည် ကားပျက်များ၊ အပျက်အစီးများနှင့်အတူ ကမ်းခြေများပေါ်တင်နေသည်။
ယခုဖြစ်ရပ်သည် စက်တင်ဘာ ၈ ရက်က မော်ရိုကိုနိုင်ငံတွင် လူ ၃,၀၀၀ နီးပါး သေဆုံးစေခဲ့သည့် ပြင်းအား ၆ ဒသမ ၈ ရှိ မြေငလျင်လှုပ်သွားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော လစ်ဗျားကို ထိခိုက်စေခဲ့သည့် ဒုတိယအကြီးဆုံး ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ကုလသမဂ္ဂသည် ဒါနားတွင် အိုးအိမ်မဲ့ဖြစ်သွားသော အနည်းဆုံး ပြည်သူ ၃၀,၀၀၀ အပါအဝင် လစ်ဗျား၏ အသက်ရှင်ကျန်ရစ်သူများကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၁၀ သန်း တောင်းခံထားသည်။ အိုးမဲ့အိမ် မဲ့ဖြစ်သွားသူအရေအတွက်သည် ရေကြီးမှုမဖြစ်ပွားမီ ဒါနားလူဦးရေ၏သုံးပုံတစ်ပုံနီးပါး ရှိသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
