တရုတ်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် လေကြောင်းနှင့်ရေကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သတိပေးခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၆၈ စင်းနှင့် ရေတပ်သင်္ဘော ၁၀ စင်းကို ထောက်လှမ်းတွေ့ ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး ၂၀၁၆ ခုနှစ်က ထိုင်ဝမ်၏ လွတ်လပ်ရေးကိုလိုလားသည့် သမ္မတ ဆန်အင်ဝမ် အာဏာရလာခဲ့ပြီးနောက် ထိုင်ဝမ်အပေါ်စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့ကာ ဆက်ဆံရေးများ တင်းမာခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်တွင် တရုတ်လေယာဉ် ၆၈ စင်းနှင့်ရေတပ်သင်္ဘော ၁၀ စင်းကို စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းမှ စက်တင်ဘာ ၁၄ ရက် နံနက်အတွင်း ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထိုလေယာဉ်များနှင့် စစ်သင်္ဘောများထဲမှ အချို့သည် တရုတ်၏ ရှန်တုန်လေယာဉ်တင်သင်္ဘောနှင့်အတူ ရေကြောင်းနှင့် လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ နေရာ အတိအကျမသိရသည့် ဒေသသို့ဦးတည် သွားရောက်ခဲ့သည်ဟု ထိုင်ဝမ်က ပြောကြားခဲ့သည်။
တရုတ်စစ်သင်္ဘောအုပ်စုတွင် တမ်းပြည့်စစ်မှုထမ်းနေသည့် လေယာဉ်တင်သင်္ဘောနှစ်စင်းအနက် တစ်စင်းအပါအဝင်ဖြစ်သည့် ရှန်တုန်လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ကျွန်း အရှေ့တောင်ဘက် ရေမိုင် ၆၀ (ကီလိုမီတာ ၁၁၀) ခန့်အကွာမှ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ဦးတည်မောင်းနှင်သွားခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ် အာဏာပိုင်များက ပြောကြားခဲ့သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း စက်တင်ဘာ ၁၃ ရက်က ဂျပန်ရေတပ်သည် ထိုင်ဝမ်အရှေ့ဘက် မီယာကိုဂျီးမားကျွန်းတောင်ဘက် ကီလိုမီတာ ၆၅၀(မိုင် ၄၀၀) အကွာတွင် ဖြတ်သန်းမောင်းနှင်သွားသည့် ရှန်တုန်လေယာဉ်တင်သင်္ဘော၊ ဖရီးဂိတ်စစ်သင်္ဘောများ၊ ဖျက်သင်္ဘောများအပါအဝင် သင်္ဘောခြောက်စင်းကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရှန်တုန်လေယာဉ်တင်သင်္ဘောပေါ်၌ တိိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အဆင်းအတက် ရှိခဲ့သည်ဟုလည်း တွေ့ရှိခဲ့ရသည်ဟု ဂျပန်ရေတပ်က အတည်ပြုခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်နေပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်စေရန် ကြိုးပမ်းနေကာ ထိုင်ဝမ်အပေါ်ဖိအားများတိုးမြှင့်နေသည်ဟု ယခုသီတင်းပတ်အတွင်း သတိပေးခဲ့သည်။
တရုတ်သည် ထိုင်ဝမ်အပေါ်ဖိအားများ တိုးမြှင့်နေခြင်းနှင့်အတူ စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်မြင်တွေ့ရဖွယ်ရှိသည်ဟု ၀ါရှင်တန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် German Marshall Fund မှ တရုတ်အရေးကျွမ်းကျင်သူ ဘွန်နီဂလက်ဆာက ပြောကြားခဲ့သည်။
တရုတ်ကမူ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေခြင်းရှိ မရှိ တရားဝင် မှတ်ချက်ပြုခဲ့ခြင်း မရှိပေ။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
