Top News

အမေရိကန်နိုင်ငံသားများအနေဖြင့် အသစ်ပြုပြင်မွမ်းမံထားသော COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်ဟု ကျန်းမာရေးတာဝန်ရှိသူများ ပြောကြား
24htopnews | December 3, 2024 3:12 PM CST

အမေရိကန်နိုင်ငံသားအများစုသည် အသစ်ပြုပြင်မွမ်းမံထားသော COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ အကြံပေးသူများက အသက်ခြောက်လနှင့်အထက် လူတိုင်းအတွက် ယင်းကာကွယ်ဆေးအသစ်ကို ထိုးနှံရန် အကြံပြုထားပြီး အေဂျင်စီ၏ ညွှန်ကြားရေးမှူးက အ ဖွဲ့၏အကြံပြုချက်ကို စက်တင်ဘာ ၁၂ ရက်တွင် အလျင်အမြန်လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ဆိုလိုသည့်သဘောမှာ ယင်းကာ ကွယ်ဆေးများကို ယခုသီတင်းပတ်မှစ၍ထိုးနှံသင့်သည့်အဓိပ္ပာယ်ဖြစ်သည်။

COVID-19 ကပ်ရောဂါ၏ ပြင်းထန်မှုသည် လျော့နည်းသွားသော်လည်း အမေရိကန်တွင် COVID-19 ကြောင့် အပတ်စဉ် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ထောင်ချီရှိပြီး သေဆုံးသူရာချီရှိသည်။

နွေရာသီနှောင်းပိုင်းကတည်းက ဆေးရုံတက်ရောက်ကုသမှုခံယူသူ မြင့်တက်လာသော်လည်း နောက်ဆုံးရရှိထားသည့် ကူးစက်မှုအချက်အလက်ဖော်ပြချက်အရ ရောဂါကူးစက်မှုမှာ အထူးသဖြင့် နိုင်ငံတောင်ပိုင်းတွင် စတင်လျော့ကျလာဖွယ်ရှိသည်ဟု ဆိုသည်။

ယခင်ကာကွယ်ဆေးထိုးနှံခြင်းမှ ကိုယ်ခံအားရရှိခြင်းနှင့် ကူးစက်မှုများသည် လူအများအပြားတွင် လျော့နည်းသွားသော်လည်း ယင်းအသစ်ပြုပြင်မွမ်းမံထားသည့် ကာကွယ်ဆေးအသစ်သည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက ကောက်ယူထားသည့် စစ်တမ်းတစ်ရပ်အရ လူပေါင်း ၄၂ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးအသစ်ကို ကျိန်းသေ သို့မဟုတ် ထိုးနှံဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော် အရွယ်ရောက်ပြီးသူများ၏ ၂၀ ရာခိုင်နှုန်းခန့်သာ လွန်ခဲ့သည့်နှစ်က ကမ်းလှမ်းလာခဲ့သော အသစ်ပြုပြင်မွမ်းမံထားသည့် ထပ်တိုးကာကွယ်ဆေးကို ထိုးနှံခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ်က အစောပိုင်းတုပ်ကွေး ရာသီ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါနှင့် နောက်ထပ် ဆောင်းရာသီကို ရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်ခြင်းတို့နှင့် ဆေးရုံများတွင် ဝန်ပိခဲ့သည့်ဖြစ်စဉ်ကဲ့သို့ နောက်ထပ်သုံးပွင့်ဆိုင်ကူးစက်မှုဖြစ်စဉ်ကို  တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဆရာဝန်များက လူအရေအတွက် လုံလုံလောက်လောက် ကာကွယ်ဆေးထိုးနှံကြရန် မျှော်လင့်နေကြသည်။

အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေးက Pfizer နှင့် Moderna တို့မှ အသစ်ပြုပြင် မွမ်းမံထားသော ကာကွယ်ဆေးများကို အသက်ခြောက်လနှင့်အထက် အရွယ်အားလုံးထိုးနှံနိုင်သည်ဟု အတည်ပြုခဲ့သည်။

အသက်ငါးနှစ်မှစ၍ လူအများစုအနေဖြင့် မူလ COVID-19 ကာကွယ်ဆေးမထိုးနှံရသေးသည့်တိုင် တစ်လုံးတည်းသော ကာကွယ်ဆေးကို ထိုးနှံနိုင်သည်ဟု FDA က ဆိုသည်။ ပိုမိုငယ်ရွယ်သော ကလေးများအနေဖြင့် ၎င်းတို့၏ COVID-19 ကူးစက်မှုများနှင့် ကာကွယ်ဆေးထိုးနှံထားသည့် ရာဇဝင် ပေါ်မူတည်၍ နောက်ထပ်ကာကွယ်ဆေးများ ထိုးနှံရန်လိုအပ်ဖွယ်ရှိသည်။ “ကျွန်မတို့တွေ ကာကွယ်ဆေးထိုးနှံဖို့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့ လိုအပ်ပါတယ်”ဟု မန်ဆာချူးဆက်အထွေ ထွေဆေးရုံမှ ကူးစက်ရောဂါဆရာဝန် ဒေါက်တာ ကာမီကော့တွန်က ပြောကြားခဲ့သည်။

Ref: AP­


READ NEXT
Cancel OK