Top News

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ်မှ လေယာဉ် ၂၈ စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
24htopnews | December 3, 2024 3:12 PM CST

စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ်မှ လေယာဉ် ၂၈ စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားပြီး မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများကို မြှင့်တင်ခဲ့သည်။

စက်တင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်တွင် J-10 တိုက်လေယာဉ်များအပါအဝင် တရုတ်စစ်လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် ADIZ ၏ အနောက် တောင်ထောင့်အတွင်း ဝင်ရောက်ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေယာဉ်အချို့သည် ဘာရှီရေလက်ကြားကို ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရှန်တုန် လေယာဉ်တင်သင်္ဘောနှင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် ပျံသန်းသွားခဲ့သည်ဟု ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချင်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

ထိုင်ဝမ်လေတပ်မှ လေယာဉ်များကို စေလွှတ်ပြီး လေကြောင်းကာကွယ်ရေးစနစ်များကို အသက်သွင်းမှုအပါအဝင် ထိုင်ဝမ်တပ်ဖွဲ့များသည် အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

ရှန်တုန်လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တရုတ်ရေတပ် သင်္ဘောအုပ်စုသည် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ပစိဖိတ်အနောက်ဘက်ပိုင်းကို ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

သီးခြားအနေနှင့် (ADIZ) ဖျက်သင်္ဘောများအပါအဝင် တရုတ်စစ်သင်္ဘောအစင်း ၂၀ ကျော်သည် စက်တင်ဘာ ၁၃ ရက်တွင် ဘာရှီရေလက်ကြားနှင့် မီယာကို ရေလက်ကြားကို ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ဝင်ရောက်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေးအစီအစဉ်နှင့် နီးစပ်သည့် ထိပ်သီးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

လေယာဉ်တင်သင်္ဘောအုပ်စု၏ စစ်ရေးလေ့ကျင့်မှုများနှင့်အတူ တရုတ်ရေတပ်၏ လုပ်ဆောင်မှုများသည် ဒေသတွင်း အမေရိကန်နှင့် ၎င်းမဟာမိတ်များ၏ မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများကို သိသာသည့် စိန် ခေါ်မှုဖြစ်သည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

တရုတ်သည် တိုးချဲ့လေတပ်အခြေစိုက်စခန်းများတွင် တိုက်လေယာဉ်အသစ်များနှင့် ဒရုန်းများကို အမြဲတမ်း တပ်ဖြန့်ထားခြင်းဖြင့် ထိုင်ဝမ်နှင့်မျက်နှာချင်းဆိုင်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် လေတပ်အင်အားကို ဖြည့် တင်းလျက်ရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက နှစ်နှစ်တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာထဲတွင် တရုတ်ကစစ်ရေး လေ့ကျင့်မှုများမကြာခဏ လုပ်ဆောင်နေခြင်းသည် ထိုင်ဝမ်ကို အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ဖက်စလုံးမှ ခြိမ်းခြောက်ဖိအားပေးရန် ကြိုးပမ်းနေသည်ကို ပြသနေသည်ဟု  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: Reuters


READ NEXT
Cancel OK