ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ခြိမ်းခြောက်မှု သို့မဟုတ် အင်အားသုံးမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်တို့က စက်တင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောများနှင့် လတ်တလော ပဋိပက္ခဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် ၎င်းသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မဟာဗျူဟာကျသော ၎င်းရေလမ်းကြောင်းကို ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီဖြေရှင်းရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ ငုယင်ဖူကျောင့်တို့က ပြောကြားခဲ့သည်။
သယံဇာတ အရင်းအမြစ််ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ဒေါ်လာထရီလျံနှင့်ချီ ရှိနေသည်။
“နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အငြင်းပွားမှုတွေကို ခြိမ်းခြောက်မှု၊ အင်အားသုံးမှု တွေနဲ့မလုပ်ဘဲ နိုင်ငံတကာဥပဒေနဲ့အညီငြိမ်း ချမ်းစွာဖြေရှင်းရေးကို မမှိတ်မသုန် ထောက်ခံမှုကို ထင်ထင်ရှားရှားပြသခဲ့တယ်” ဟု ဘိုင်ဒင်နှင့် ငုယင်ဖူကျောင့်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာရေကြောင်းသွားလာနိုင်ရေးနှင့် လေကြောင်းမှ ဖြတ်ကျော်ပျံသန်းနိုင်ရေး၊ ဥပဒေနှင့်အညီကုန်သွယ်မှုများ အတားအဆီးမဲ့စွာ လုပ်ဆောင်နိုင်ရေးအတွက်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။
သမ္မတဘိုင်ဒင်နှင့် ဗီယက်နမ်ကွန်မြူနစ် ပါတီအကြီးအကဲတို့သည် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရန် သဘောတူညီချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးပြီး တစ်ရက်အကြာတွင် ယင်းထုတ် ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းသည် ဒေသတွင်း၌ အင်အားပြသည့်လုပ်ရပ်များ မြင့်တက်လာသည့် တရုတ်ကိုတန်ပြန်ရန် ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။
ဘိုင်ဒင်ကမူ ဗီယက်နမ်နှင့် ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းလာမှုကိုပြသရန် ယင်းသို့သွားရောက်ခဲ့သည့် ခရီးစဉ်သည် တရုတ်နှင့် စစ်အေးတိုက်ပွဲကို စတင်ရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် ၎င်း၏ခရီးစဉ်သည် တရုတ်နှင့် တင်းမာမှုမြင့်တက်နေစဉ် အာရှဒေသတစ်လွှား၌ အမေရိကန်က ဆက်ဆံရေးတည် ဆောက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးမည့် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဘိုင်ဒင်က ဆိုသည်။
ဗီယက်နမ်သည် အမေရိကန်ကို ၎င်း၏ အဆင့်အမြင့်ဆုံး သံတမန်ရေးမဟာမိတ်အ ဆင့်ဖြစ်သည့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံလာစဉ် အမေရိကန်သမ္မတ၏ ဗီယက်နမ်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကုန်သွယ်ရေး လုံခြုံရေးလူ့အခွင့်အရေးနှင့် ရာသီဥတုပြောင်းလဲမှု အပါအဝင် ကိစ္စရပ်အများအပြားတွင် အမေရိကန်သည် တရုတ်နှင့် ထိပ်တိုက်တွေ့လျက်ရှိပြီး တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် အမေရိကန်က မဟာမိတ်ကွန်ရက်ကို အားကောင်းအောင်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။
၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း တရုတ်နှင့် စစ်ပွဲဖြစ်ပွားခဲ့သည့် ဗီယက်နမ်သည် အင်အားကြီးသော ၎င်း၏မြောက်ပိုင်းအိမ်နီးချင်း တရုတ်ကို သတိဖြင့်စောင့်ကြည့်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍လည်း တရုတ်နှင့် ဗီယက်နမ်တို့ အငြင်းပွားလျက်ရှိသည်။ Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
