မော်ရိုကိုနိုင်ငံ၏ အပြင်းထန်ဆုံးမြေငလျင်က လူ ၂,၈၀၀ ကျော် သေဆုံးစေခဲ့ပြီးနောက် အဆက်မပြတ်ရောက်လာသော ထိခိုက်ဒဏ်ရာရသူများကို ဆရာဝန်များကကုသပေးနေသည်ဆိုသော်လည်း အပျက်အစီးများအောက်၌ နောက်ထပ်အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရေးသည် စက်တင်ဘာ ၁၂ ရက်တွင် မှေးမှိန်လာသည်။
ပြည်ပအဖွဲ့များ အားဖြည့်ထားသည့် ကယ်ဆယ်ရေးသမားများသည် စက်တင်ဘာ ၈ ရက်တွင် လှုပ်ခဲ့သည့် မဂ္ဂနီကျု ၆ ဒသမ ၈ ရှိ ငလျင်ကြောင့် အတ်တလက်စ်တောင်ပေါ်ရွာများ ပျက်စီးခဲ့ပြီးနောက် အသက်ရှင်နေ သူများကို ရှာဖွေရန် အချိန်လုနေရသည့်အနေအထားဖြစ်နေသည်။
ယခုငလျင်သည် ၁၉၆၀ နောက်ပိုင်း မြောက်အာဖရိကနိုင်ငံမော်ရိုကိုအား သွားသည့် အပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ၁၉၆၀ မြေငလျင်သည် အက်ဂါဒါကို ပျက်စီးစေခဲ့ပြီး လူထောင်ချီသေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက် ညည့်နက်ချိန်တွင် လှုပ်သောမြေငလျင်၏ ဗဟိုချက်သည် ကမ္ဘာလှည့်ခရီးသွား အများအဆုံးလာရောက်ရာ မာရာကက်ရှ်မြို့၏ အနောက်တောင်ဘက် အယ်လ်ဟို့ဇ်ပြည်နယ်ဖြစ်သည်။ ငလျင် ကြောင့် သေဆုံးသူအများစုမှာ အယ်လ်ဟို့စ် ပြည်နယ်ကဖြစ်သည်ဟု အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ယေဘုယျအားဖြင့် အနည်းဆုံးလူ ၂,၈၆၂ ဦးသေဆုံးပြီး လူ ၂,၅၀၀ ကျော်ဒဏ်ရာရသည်ဟု စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် ရရှိထားသော တရားဝင်စာရင်းအရသိရသည်။
စပိန်၊ ဗြိတိန်၊ ကာတာ၊ ယူအေအီးတို့ကအဖွဲ့များ အားဖြည့်ထားသည့် မော်ရိုကို ကယ်ဆယ်ရေးသမားများသည် ယခုအခါ အချိန်လု၍ လုပ်ကိုင်နေကြရသည်။
“ကြီးကြီးမားမား အခက်အခဲကတော့ ဒီနေရာလိုပဲဝေးလံပြီး သွားရောက်ဖို့ ခက်ခဲတဲ့ ဇုန်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရသူတွေကိုတော့ ရဟတ်ယာဉ်နဲ့သယ်သွားပါတယ်”ဟု စပိန်ကယ်ဆယ်ရေးအဖွဲ့ကို ဦး ဆောင်လာသူ အန်နီကာကိုးလ်က ငလျင်ဒဏ်အဆိုးဆုံးခံရသော တားလတ်ညာကော့တွင် အေအက်ဖ်ပီသတင်းအဖွဲ့ကို ပြောကြားသည်။
တားလတ်ညာကော့ရွာ၏ မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် စစ်ဘက်အရေးပေါ်တပ်ဖွဲ့မှ စပိန်ကယ်ဆယ်ရေးသမားများသည် စက်တင်ဘာ ၁၀ ရက် ညပိုင်းကတည်းက အမစ်မစ်ရွာတွင် စခန်းချခဲ့သည်။
“သုံးရက်ကြာပြီဆိုတော့ အသက်ရှင်နေသူတွေကို ရှာဖို့ အလွန်ခက်ခဲသွားတယ် ဆိုပေမယ့် မျှော်လင့်ချက်ကတော့ ရှိနေဆဲပါ”ဟု စပိန်ကယ်ဆယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးအရာရှိ အဲလ်ဘတ်ဗက်စ်ကွက်က စက်တင်ဘာ ၁၁ ရက်တွင် သတိပေးပြောကြားသည်။
ဗြိတိန်၊ ကာတာ၊ ယူအေအီး၊စပိန်တို့မှ ရှာဖွေ၊ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ရန် ကမ်းလှမ်းချက်များကို မိမိတို့လက်ခံခဲ့သည်ဟု စက်တင်ဘာ ၁၀ ရက်တွင် မော်ရိုကိုအစိုးရက ကြေညာခဲ့သည်။
အခြားသော နိုင်ငံအများအပြားကလည်း အကူအညီပေးရန် ကမ်းလှမ်းထားသည်။
မော်ရိုကိုပညာရေးဝန်ကြီးဌာနသည် အယ်လ်ဟို့စ်ပြည်နယ်၏ မြေငလျင်ဒဏ်အဆိုးဆုံးခံရသော ကျေးရွာများတွင် စာသင်ကျောင်းများကို ပိတ်ထားသည်ဟု ကြေညာခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
