Top News

သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က Cluster ဗုံး တပ်ဆင်နိုင်သော တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းထံ ပေးပို့ရေးကိစ္စ အတည်ပြုရန် နီးစပ်
24htopnews | December 3, 2024 3:12 PM CST

ဘိုင်ဒင် အစိုးရအဖွဲ့သည် Cluster ဗုံး တပ်ဆင်နိုင်သောတာဝေးပစ် ဒုံးကျည်များကို ယူကရိန်းထံပေးပို့ရေးအတွက် အတည်ပြုရန် နီးစပ်နေပြီဟု အမေရိကန်တာဝန်ရှိသူ လေး ဦး၏ပြောကြားချက်အရသိရကြောင်း ရိုက်တာသတင်းဌာနကဖော်ပြလိုက်ပြီး အဆိုပါ ဒုံးကျည်များကြောင့် ယူကရိန်းသည် ရုရှားသိမ်းပိုက်ထားသောနယ်မြေများ၌ သိသာသော ထိခိုက်ဆုံးရှုံးမှုများဖြစ်လာစေရန် တိုက် ခိုက်နိုင်သည့် စွမ်းရည်များပိုင်ဆိုင်လာမည် ဖြစ်သည်။

၁၅၅ မမ လက်နက်ကြီးကျည်ဆန်များထဲတွင် ထည့်သွင်းပစ်ခတ်သော Cluster ဗုံးများပေးပို့မှု အောင်မြင်ခဲ့ပြီးနောက် အမေရိကန်သည် Cluster ဗုံးများတပ်ဆင်လျက် အကွာအဝေး ၃၀၆ ကီလိုမီတာအထိရောက်နိုင်သော Army Tactical Missile Systems(ATACMS)ဒုံးကျည်များသို့မဟုတ် Guided Multiple Systems(GMLRS)ဒုံးကျည်များကို ပေးပို့ရန် စဉ်းစားနေသည်ဟု အမေရိကန်တာဝန် ရှိသူသုံးဦးက ပြောကြားသည်။

ပေးပို့ရန် အတည်ပြုမည်ဆိုပါက ဒုံးကျည်တစ်မျိုးမျိုးကို ယူကရိန်းသို့ အမြန်ဆုံးပေးပို့သွားမည်ဟု ဆိုသည်။

ဗုံးငယ် ၄၈ ခုသယ်ဆောင်နိုင်သည့် Cluster ဗုံး တပ်ဆင်၍ အဝေးဆုံးအကွာအဝေး ၂၉ ကီ လိုမီတာအထိရောက်သော ၁၅၅ မမ လက်နက်ကြီးကျည်ဆန်များကို ယူကရိန်းအား လောလောဆယ် တပ်ဆင်ပေးထားသည်။

ပေးပို့ရန် စဉ်းစားနေဆဲဖြစ်သော GMLRS ဒုံးကျည်သည် ဗုံးငယ် ၄၀၄ ခုအထိပျံ့သွားစေနိုင်သော Cluster ဗုံးကိုသယ်ဆောင်နိုင်သောဒုံးကျည်စနစ်ဖြစ်ပြီး အဆိုပါ ဒုံးကျည်စနစ်ပုံစံကွဲသည် ယူကရိန်းလက် နက်တိုက်ထဲတွင်ရှိနေသည်မှာ ကြာပြီဖြစ်သည်။

Ref: Reuters


READ NEXT
Cancel OK