ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ကြိုတင်သတ်မှတ်ချက်မပါဘဲ တွေ့ဆုံရန်ဆန္ဒရှိနေသည်ဟု ဂျပန်အစိုးရထိပ်သီးအရာရှိတစ်ဦးက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကီရှီဒါသည် ကင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ယခင်ကတည်းက ပြောကြားခဲ့ပြီး ယခုသီတင်းပတ် အတွင်းကင်သည် ရုရှားသို့သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ကင်နှင့်တွေ့ဆုံလိုကြောင်း ထပ်လောင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားသည် ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန် ခဲယမ်းများရှာဖွေနေသည်ဟု အမေရိကန်အရာရှိများက သတိပေးခဲ့ပြီးနောက် ကင်နှင့် ပူတင်တို့၏ တွေ့ဆုံမှုသည် လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်အတွက်ဖြစ်နိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
“ကျွန်တော်တို့ အနေနဲ့ ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ညီလာခံတစ်ခု အမြန်ဆုံးဖြစ်မြောက်စေဖို့ ထိပ်သီးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်ချင်ပါတယ်”ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇူ မတ်ဆူနိုက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကီရှီဒါသည် ကြိုတင်သတ်မှတ်ချက်များ မပါဘဲကင်နှင့် အချိန်မရွေးမျက်နှာချင်းဆိုင် ဆွေးနွေးလိုသည့် ၎င်း၏ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့သည်ဟု မတ်ဆူနိုက ပြောကြားခဲ့သည်။
ကင်သည် စက်တင်ဘာ ၁၃ ရက်က ပူတင်နှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ရုရှား၏ အရှေ့ဖျားကွမ်ဆိုမော့ခ် အွန်အာ မျာ မြို့ရှိ လေယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။
လက်နက်နှင့် ဆက်နွှယ်သည့် ပစ္စည်းကိရိယာများ လွှဲပြောင်းမှုအားလုံးကို ပိတ်ပင်ထားသည့် ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ၏ တားမြစ်ချက်ကို ချိုးဖောက်ရာရောက်နိုင်သည့် စိုးရိမ်မှုများနှင့်အတူ ရုရှား-မြောက်ကို ရီးယား ဆွေးနွေးမှုများကို ဂျပန်က အနီးကပ်စောင့်ကြည့်နေသည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးယိုကို ကာမီကာဝါက စက်တင်ဘာ ၁၄ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရတာဝန်ရှိသူများက ကင်သည် ရုရှားအား စစ်လက်နက်များနှင့် ခဲယမ်းကျည်များ ပေးပို့နိုင်သည့်အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသည်။ ရုရှားနှင့် မြောက်ကိုရီးယားကမူ ယင်းနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲ ၁၈ လကျော် ကာလအတွင်း စစ်လက်နက်ခဲယမ်းများကို အလုံး အရင်းသုံးစွဲခဲ့ရသည်။
ပူတင်က စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်ဟု အရိပ်အမြွက် ပြောဆိုထားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယင်းဆွေးနွေးမှုများတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုက်ဂူလည်း တက်ရောက်ခဲ့သည်။
ကင်သည် ပြည်ပသို့ မကြာခဏသွား ရောက်လေ့မရှိဘဲ ၎င်းအာဏာရယူထားသည့် ၁၂ နှစ်တာကာလအတွင်း နိုင်ငံပြင်ပသို့ ခုနစ်ကြိမ်နှင့် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်မှုနှစ်ကြိမ်သာ ပြုလုပ်ခဲ့သည်။
၎င်း၏ ပြည်ပခရီးစဉ်များအနက် လေးကြိမ်မှာ မြောက်ကိုရီးယား၏ အဓိကနိုင်ငံရေးမဟာမိတ် တရုတ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
