လစ်ဗျားဆိပ်ကမ်းမြို့ ဒါနားကို ဒုက္ခပေးခဲ့သော ဆူနာမီလှိုင်းအရွယ်အစားရှိ ရုတ်တရက်ရေကြီးမှုအတွင်း ပျောက်ဆုံးနေဆဲ လူထောင်ပေါင်းများစွာကို ရှာဖွေရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များက စက်တင်ဘာ ၁၅ ရက်တွင် ရှာဖွေမှုများကို တိုး၍လုပ်ဆောင် လျက်ရှိသည်။
ရုတ်တရက်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၄,၀၀၀ သေဆုံးသွားသည်။ စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် မြစ်ညာအရပ်ရှိ ဆည်နှစ်ခုသည် ဆည်ကျိုးခဲ့ရာ ဒါနားမြို့သည်အပျက်အစီးပြင်ကြီးဖြစ်ခဲ့ရသည်။ မြို့၏ ရပ်ကွက်များ၊ လူများသည် မြေထဲပင်လယ်ထဲသို့ မျောပါသွားသည်။ ရေနှင့်မျောပါသွား သူအရေအတွက်ကို မသိရပေ။
ဒါနားမြို့လယ်ကို ဖြတ်စီးနေသော မြစ်သည် ယခုလိုအချိန်တွင် ရေခန်းခြောက်နေတတ်သည်ဟု သိရသည်။ မြစ်တစ်ဖက်တစ်ချက်ရှိ ရပ်ကွက်များသည် အလယ်မှလမ်းကြိတ်စက်ဖြတ်မောင်းသွားသည့်ပုံဖြစ်နေပြီး သစ်ပင်များ၊ အဆောက်အအုံများသည် အောက်ခြေမှ ပြုတ်ထွက်ကုန်သည်။ ကားများသည်မြို့၏လှိုင်းတားတံတိုင်းများကို ဝင် ဆောင့်မိကြသည်။
“ရေတွေဟာ စက္ကန့်ပိုင်းလေးအတွင်း ရုတ်တရက် ထိုးတက်လာပါတယ်”ဟု ဒဏ်ရာရထားသည့် အသက်ရှင်ကျန်ရစ်သူတစ် ဦးက ပြောကြားသည်။ ၎င်းနှင့် ၎င်း၏ မိခင်တို့သည် ညည့်နက်ချိန် တုန်လှုပ်ချောက်ချားစရာဖြစ်ရပ်အတွင်း ရေထဲမျောပါသွားကြသော်လည်း နှစ်ဦးစလုံးသည် ရေစုန်ရှိ လူမနေသော အဆောက်အအုံအတွင်း အပြေးအလွှား ဝင်ရောက်နိုင်ခဲ့ကြသည်ဟု ဆိုပါသည်။
“ရေတွေဟာ ကျွန်တော်တို့ လေးထပ်ကို မရောက်မချင်း မြင့်တက်လာတာဖြစ်ပါတယ်။ရေဟာ ဒုတိယထပ်အထိရောက်လာ ပါတယ်”ဟု အမည်ထုတ်မပြောသော အမျိုးသားက ဆေးရုံခုတင်ပေါ်တွင် ပြောကြားသည်။
“အော်သံတွေကို ကျွန်တော်တို့ ကြားရပါတယ်။ ပြတင်းပေါက်ကနေကြည့်လိုက်တဲ့အခါ ကားတွေ၊ အလောင်းတွေကို ရေက ဆွဲချသွားတာတွေ့ရပါတယ်။ တစ်နာရီ၊ တစ်နာရီခွဲလောက်တော့ကြာပါတယ်။ ကျွန်တော်တို့အတွက် တစ်နှစ်လောက်ကြာတယ်လို့ ခံစားရပါတယ်”ဟု ဘန်ဂါဇီဆေးဘက်ဆိုင်ရာစင်တာက ထုတ်ပြန်ပေးသည့် ထွက်ဆိုချက်တွင် အဆိုပါအမျိုးသားက ပြောကြားထားသည်။
ဒါနားမြို့၏ ရွံ့ဗွက်များ ဖုံးနေသောလမ်းများတွင် ယခုအခါ အလောင်းအိတ်များ ရာချီတန်းစီရှိနေကာ အစုလိုက်အပြုံလိုက် မြှုပ်နှံရန် စောင့်နေသည်။ အထိတ်တလန့်ဖြစ်နေပြီး ပူဆွေးသောကရောက်နေသော မြို့ခံများသည် ၎င်းတို့၏ ပျောက်နေသော ချစ်ခင်ရသူများအတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အဆောက်အအုံများကို ရှာဖွေလျက်ရှိသည်။ မြေထိုးစက်များက လမ်းပေါ်က အမှိုက်ပုံကြီးများနှင့် သဲပုံကြီးများကို ရှင်းလင်းလျက်ရှိသည်။
ဆိုးဆိုးရွားရွား ပျက်စီးသွားသော အိမ်တစ်အိမ်တွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးနေသောကလေးကို အသက်မဲ့နေသောလက်များဖြင့် ဆုပ်ကိုင်ထားသည့် အမျိုးသမီးအလောင်းကိုဖော်ရန် ရေများကို စုပ်ထုတ်ခဲ့ရသည်ဟု အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ထားသည်။
“ဒီဘေးအန္တရာယ်ဟာ ဆိုးရွားရက်စက်လွန်းပါတယ်”ဟု နိုင်ငံတကာကြက်ခြေနီကော်မတီ၏ လစ်ဗျားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ယန်းဖရီးဒက်က ပြောကြားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
