မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာတော်၌ ပအိုဝ်းသက္ကရာဇ် (၂၇၁၆) ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနေားကို ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ၊ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့အခမ်းအနားတွင် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ နာယက၊ ဘီးလင်းမြို့နယ်၊ ခဲမောက်စင်္ကာပူကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ နှစ်သစ်ကူးဩဝါဒစကား နာကြားကြပြီးနောက်၊ ပအိုဝ်းသမိုင်းသုတေသီ ဦးခွန်ထွန်းရှိန်က ပအိုဝ်းအမျိုးသားတို့၏ နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံ ထောက်ပံ့ရံ့ပုံငွေ သိန်း(၁၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြီးတော့ ပအိုဝ်းရိုးရာယဉ်ကျေးမှုအဖွဲ့တွေက အကအလှတွေနဲ့ ယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအပြင်ကို တခြားပျော်ပွဲရွှင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပါတယ်”ဟု ပြောကြားသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့အား မွန်ပြည်နယ် သထုံမြို့ရှိ သုဝဏ္ဏခန်းမတွင် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပအိုဝ်းအမျိုးသားနှီးနှောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များမှ နတ်တော်လဆန်း(၁)ရက်နေ့အား ပအိုဝ်းနှစ်သစ်ကူးနေ့ အဖြစ်ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နတ်တော်လဆန်း (၁) ရက်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သထုံပြည်သို့ ကြွရောက်လာခဲ့သည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည့်အတွက်ကြောင့် ထိုနေ့အား ပအိုဝ်းတို့၏ အစဉ်အလာ ထုံးစံအရ ပအိုဝ်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
