Top News

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပ
24htopnews | December 3, 2024 4:12 PM CST

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်တွင် ကျရောက်သည့် ရှမ်းသက္ကရာဇ်  ၂၁၁၉ ခုနှစ် မြောက် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်ပွဲတော်ကို ကချင်ပြည်နယ်ဒေသအနှံ့မှ ရှမ်းတိုင်းရင်းသားများက အကျဉ်းချုံးသာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်များကို ဗန်းမော်မြို့ နန့်ဖားကျေးရွာတွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဗန်းမောက်မြို့ မံစီဒေသတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာတွင်လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အင်းတော်ကြီးဒေသခံတစ်ဦးက “အရင်ကတော့ ရွာတွေ အလှည့်ကျလုပ်တာ။ အခုက စစ်ဘေးတွေ၊ ကုန်စျေးနှုန်းဘေးတွေနဲ့ မလုပ်နိုင်ဘူး။ ဟိုပင်ဘက်က ရွာတွေမှာတော့ ဘုန်းကြီးဆွမ်းကပ်တာတွေလုပ်တယ်။ မိရိုးဖလာ အားလပ်ရက်လောက်ပဲ။အိမ်မှာ မုန့်လုပ်စားတာလောက်ပဲ လုပ်ဖြစ်ကြတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် နန့်ဖားကျေးရွာတွင်  ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲကို KIA ထိန်းချုပ်မှုအောက်၌ ပြုလုပ်ခြင်းဖြစ်ပြီး ဗန်းမောက်နှင့် ဟုမ္မလင်းမြို့နယ်များတွင် SNA ထိန်းချုပ်မှုအောက်တွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။  


READ NEXT
Cancel OK