ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်ဝါရင့်နောက်ခံလူ ဒန်နီကာဗာဟယ်လ်က ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သည့် ကွင်းလယ်လူ ဂါဗီအား ချီးကျူး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ဂါဗီသည် စပိန်အသင်းက နော်ဝေအသင်းအား အဝေးကွင်းတွင် (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ယင်းသွင်းဂိုးကြောင့် စပိန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်းလည်း သိရှိရသည်။
ကာဗာဟယ်လ်အား ဂါဗီ၏ ခြေစွမ်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ကာဗာဟယ်လ်က "သူက ဘာစီလိုနာအသင်းမှာလည်း အဓိက ကစားသမား ဖြစ်နေပြီ။ စပိန်လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ကစားနေပြီ။ သူ့အသက်အရွယ်နဲ့ ဒီလို အလုပ်မျိုးတွေကို လုပ်နေပြီဆိုတော့ ကျွန်တော် ဘာများပြောနိုင်ဦးမှာလဲ။ စပိန်နိုင်ငံအတွက် ကျောက်မျက်ရတနာလေး တစ်ခုပေါ့"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
