Top News

ယခုရာသီကုန်တွင် ရိုးမားအသင်းမှ မော်ရင်ဟို ထွက်ခွာဖွယ်ရှိနေကြောင်း အီတလီမီဒီယာများ ဖော်ပြ
24htopnews | December 3, 2024 6:12 PM CST

 

ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် လက်ရှိအသင်း ရိုးမားနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း အီတလီ မီဒီယာများက ဖော်ပြခဲ့ကြသည်။

မော်ရင်ဟိုသည် ၂၀၂၁ ခုနှစ်တွင် ရိုးမားအသင်းနှင့် သုံးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင်ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိချိန်အထိ ရိုးမားအသင်းနှင့် မော်ရင်ဟိုအကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးခြင်းမရှိသေးကြောင်း အီတလီနာမည်ကျော်ဂျာနယ်လစ်ဒီမာဇီယိုက ဖွင့်ဟခဲ့သည်။ 

ရိုးမားအသင်းနှင့် မော်ရင်ဟို စာချုပ်သက်တမ်းတိုးနိုင်ခြေအပေါ် ဆွေးနွေးမှုတွင် Sky Sport Italia ရုပ်သံဝေဖန်သူ ဒီမာဇီယိုက "ဒါက မဖြစ်နိုင်ပါဘူး။ ရိုးမားအသင်းက မော်ရင်ဟိုကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးတာမျိုး မရှိသလို၊ ဘယ်တုန်းကမှလည်း မလုပ်ခဲ့ပါဘူး။ ဒါကြောင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လမှာ သူတို့ လမ်းခွဲကြပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ 

မော်ရင်ဟိုသည် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ဆော်ဒီကလပ် များနှင့် သတင်းထွက်ခဲ့သူလည်းဖြစ်သည်။ ၎င်းအနေဖြင့် ရိုးမားကို ပြိုင်ပွဲစုံ ၁၁၉ ပွဲ ကိုင် တွယ်ရာတွင် ၅၉ ပွဲ အနိုင်ရရှိစေခဲ့ပြီး ကွန်းဖရန့်လိဂ်ဖလားလည်း ရယူပေးခဲ့သည်။


READ NEXT
Cancel OK